
သာကေတမြို့နယ်ရှိ Fortune Plaza ကို ကိုဗစ်နိုင်တင်းရောဂါကုသရေးယာယီဆေးရုံအဖြစ် ပြင်ဆင်ထားပြီး Happy Covid Centre ဟု နာမည်ပေးထားကာ လူနာများ စိတ်ဖိစီးမှုလျော့ကျစေရန် ဆေးရုံတစ်ခု၏ အငွေ့အသက်များမရှိအောင် သစ်ပင်များ၊ စာအုပ်စင်များ၊ အားကစားလေ့ကျင့်ရေးပစ္စည်းများဖြင့် စီစဉ်ထားပါသည်။ Happy Covid Center တွင် အောက်တိုဘာလ ၈ ရက်နေ့မှစ၍ လူနာများကို လက်ခံကုသပေးမည်ဖြစ်ကာ ဆရာဝန် ၅၀ ကျော်နှင့် စေတနာ့ဝန်ထမ်း ၁၅၀ ကျော်တို့မှ လူနာ ၅၀၀ ကျော်အထိ လက်ခံကုသပေးနိုင်အောင် စီစဉ်ထားပါသည်။
သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now
[youtube https://youtu.be/zl0X8kcbi4g]