အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံ့အကြီးအကဲနှင့် ပတ်သက်သည့် သတင်းတုများကို ပြင်းပြင်းထန်ထန်အရေးယူမည် 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးအထူးကောင်းမွန်လျက်ရှိပြီး အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပတ်သက်၍ လုပ်ကြံဖန်တီးထားသည့် သတင်းမှားများ၊ ချဲ့ကားရေးသားထားသည့် သတင်းတုများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဆိုသည်။ 

“စိတ်ပူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု နိုင်ငံတော်သမ္မတအိမ်တော်သတင်းထောက်များနှင့်ဆိုင်သည့် Facebook စာမျက်နှာမှတဆင့် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေတာနဲ့အမျှ သတင်းမှားတွေ၊ လုပ်ကြံဖန်တီးတဲ့သတင်းတွေ ပိုပြီး များလာပါတယ်။ ဘယ်သူတွေက သတင်းမှားလုပ်ကြသလဲ၊ ရည်ရွယ်ချက်က ဘာလဲ သာမန်အားဖြင့် စဉ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို လူစားထိုးထားသည်ဆိုသည့်ကိစ္စမှာလည်း သတင်းမှားဖြန့်နေကြခြင်းသာဖြစ်ပြီး အဆိုပါ သတင်းတုသတင်းမှားများနှင့်ပတ်သက်၍ နည်းပညာဖြင့် ဖော်ထုတ်နေပြီး ခိုင်လုံသည့်အထောက်ရရှိပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။ 

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးညွှန်းဆိုသည့် သတင်းမှားသတင်းတုများမှာ သတင်းမီဒီယာအမည်ခံ Forward Media Group အမည်ရှိ Facebook စာမျက်နှာမှ စတင်ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း Myamar Now ကတွေ့ရှိထားသည်။ 

နိုင်ငံရေး သတင်းမှားသတင်းတုများ တင်လေ့ရှိသည့် Forward Media Group စာမျက်နှာ

အဆိုပါ Forward Media Group စာမျက်နှာက ဒေါ်အောင်ဆန်းစုကြည်နှင့်ဆိုင်သော သတင်းမှားတင်ခဲ့ရာတွင် တစ်နာရီအတွင်း ပြန်လည်မျှဝေသူပေါင်း တစ်ထောင်ကျော်ကျော်ရှိခဲ့သည်။ 

အဆိုပါသတင်းမှားသည် Forward Media Group မှတစ်ဆင့် Facebook စာမျက်နှာနှင့် Group ၁၆ ခုခန့်တွင် ပြန်နှံ့ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ထောက်ခံအားပေးသူများက အများဆုံးက ပြန်လည်ဖြန့်ဝေထားကြောင်း တွေ့ရှိရသည်။ 

သတင်းမှားသတင်းတုများ အဆိုပါ Forward Media Group စာမျက်နှာမှာ ယခုအခါ Facebook တွင် မတွေ့ရှိရတော့ပေ။ 

ယင်း Facebook စာမျက်နှာကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအစိုးရအဖွဲ့ဝင်များကို ဦးတည်တိုက်ခိုက်သည့် သတင်းမှားများ၊ နိုင်ငံရေးသတင်းတုများ တင်လေ့ရှိကြောင်း Myanmar Now က ရေးသားခဲ့ပြီးဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button