
နိုဝင်ဘာတွင်ကျင်းပတော့မည့် ၂၀၂၀အထွအထွေရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲထက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်လာသည်ကို တွေ့ရပါသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုလွှတ်တော်တွင်း အမျိုးသမီးပါဝင်မှု ၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ တွင် ၁၃.၇ရာခိုင်နှုန်းထိ တိုးတက်လာသည်ဟု သုတေသနစာတမ်းများက ဖော်ပြခဲ့ကြပြီး အနာဂတ်တွင် ၃၀ ရာခိုင်နှုန်းထိ ရောက်ရှိလာရန် လိုအပ်သည်ဟု အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုကြသည်။
သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now
[youtube https://youtu.be/RQmLSO6s1nk]