အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်းအစိုးရ၏ ကျေးရွာမီးလင်းရေးကော်မတီလူရွေးချယ်မှုကို ရွာသားများကန့်ကွက်

စစ်ကိုင်းတိုင်း အစိုးရအမိန့်ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကျေးရွာမီးလင်းရေးကော်မတီကို အလိုမရှိဟု ကင်းရွာသား ၃၀၀ ခန့်က တိုင်းအစိုးရ ရုံးစိုက်ရာ မုံရွာမှ ၃၅ မိုင်ခန့်ဝေးသည့် မြောင်မြို့အဝင်လမ်းမတွင် ယနေ့နံနက်တွင် ဆန္ဒပြခဲ့ကြသည်။

သဘောထားကွဲလွဲနေသည့် မီးလင်းရေး ကော်မတီ နှစ်ခုလုံးကို ဖျက်သိမ်းခိုင်းပြီး အသစ်ပြန်လည်ဖွဲ့စည်းမည်ဟု တိုင်းအစိုးက အောက်တိုဘာလအတွင်း ကတိပေးခဲ့ကြောင်း၊ သို့သော်လည်း ဒီဇင်ဘာ ၄ ရက်တွင် လူထုထောက်ခံမှု နည်းသော မီးလင်းရေးကော်မတီကို တိုင်းအစိုးရက အသိအမှတ်ပြုခဲ့ကြောင်း ကင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆွေကပြောသည်။

“လူနည်းစုလေးကထောက်ခံတဲ့ အဖွဲ့ကိုလွှဲပြောင်းပေးရမယ်ဆိုပြီး တိုင်းဒေသကြီးအစိုးရရဲ့ ရည်ညွှန်းစာမှာပါလာတယ်။ လူများစုရဲ့ဆန္ဒကိုဘေးဖယ်ပြီး လူနည်းစုကိုဦးစားပေးလုပ်တာဟာ ဥပဒေနဲ့သွေဖည်တယ်။

ကျွန်တော်တို့ကိုအာဏာနဲ့ဖိအားပေးတယ်။ ဒါကိုမကျေနပ်လို့ ဆန္ဒပြရတာပါ” ဟု ဆန္ဒပြပွဲဦးဆောင်သူ

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးကြည်မောင်ကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button