
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရွေးကောက်ပွဲဝင်ပြိုင်မည့် ဇေယျာသီရိမြို့နယ်ရှိ ရွာတစ်ရွာတွင် NLD အမတ်လောင်းများ၏ စည်းရုံးရေးပိုစတာဆိုင်းဘုတ် ဖျက်ဆီးခံရထားရသည်ကို စက်တင်ဘာ ၁၁ နံနက်အစောပိုင်းက သိရှိရခြင်းဖြစ်ပြီး ထိုကိစ္စအပေါ် ဥပဒေကြောင်းအရ အမှုဖွင့်သွားရန် NLD ဘက်က စီစဉ်နေသည်။ ဇေယျာသီရိမြို့နယ်တွင် ပြိုင်ဘက် NLD ပါတီက ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်မကိုက်ညီဘဲ မဲဆွယ်စည်းရုံးမှုများလုပ်နေသည်ဟုလည်း ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးက စက်တင်ဘာ ၉တွင် ပြောဆိုထားသည်။
သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now
[youtube https://youtu.be/j6gZ5VUwMBw]



