
မဲဆွယ်စည်းရုံးခွင့်ပြုသည့်နေ့တွင် ဒေါ်သက်သက်ခိုင်ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားလှယ်လောင်းများသည် မရမ်းကုန်းမြို့နယ် အမှတ်နှစ်ရပ်ကွက်အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း မဲဆွယ်ခဲ့ပါသည်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ပြည်သူ့လွှတ်တော်နေရာအတွက် မရမ်းကုန်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အလွယ်တကူနိုင်မည့် နေရာမဟုတ်ဘဲ ခက်ခက်ခဲခဲယှဉ်ပြိုင်ရမည့်နေရာက ဝင်ပြိုင်တာဖြစ်ကြောင်း၊ ပါတီဝင်တွေကိုလည်း အတုယူကြိုးစားစေချင်ကြောင်း ပြောဆိုခဲ့ပါသည်။
သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now
[youtube https://youtu.be/OHUYb0Bo2C4]