အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့လယ်တွင် စစ်ကောင်စီ တိုက်ခိုက်ခံရ၊ ကာကွယ်ရေးအဖွဲ့ သေနတ်နှစ်လက်ရ

တပ်စွဲထားရာနေရာမှ ထွက်လာသည့် စစ်သား သုံးဦးကို အသင့်စောင့်ဆိုင်း ပစ်သတ်ကာ သေနတ်နှစ်လက်ကို ကောက်ယူခဲ့သည်ဟု စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပြောသည်။

စစ်ကိုင်းတိုင်းအလယ်ပိုင်း ခင်ဦးမြို့ပေါ်တွင် ယနေ့ (အောက်တိုဘာ ၁၇) နံနက်က စစ်သားသုံးဦးကို ပစ်သတ်ခဲ့ပြီး သေနတ်နှစ်လက် ရခဲ့ကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောသည်။

နံနက် ၇ နာရီခန့်တွင် မြို့လယ်ရှိ မင်းသိုက်ဆေးတိုက်တွင် တပ်စွဲထားသော တပ်ဖွဲ့မှ စစ်သားသုံးဦး ခင်ဦးဆေးရုံဘက်သို့ ထွက်လာစဉ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခင်ဦးမြို့နယ် ပကဖအဖွဲ့က ချုံခိုစောင့်ဆိုင်း၍ ပစ်ခတ်ကာ လက်နက်များသိမ်းယူခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်သည့်နေရာနှင့်  တောင်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ စစ်ကောင်စီတပ်က စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားသည့် စစ်သားသုံးဦးထံမှ သေနတ်နှစ်လက်သာ ကောက်ယူနိုင်ခဲ့ပြီး ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု ခင်ဦးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။

“စစ်သားသုံးယောက်ကတော့ နေရာတင် ပွဲချင်းပြီးသေသွားတယ်”။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့ ပြန်ဆုတ်ခွာပြီး ၁၅ မိနစ်ခန့်အကြာတွင်  တိုက်ခိုက်ခံရသည့်နေရာသို့ စစ်သားနှင့်ရဲများ ရောက်လာကာ အနီးပတ်ဝန်းကျင် ပစ်ခတ်သဖြင့် အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးနှင့် ဘုန်းကြီးတစ်ပါး ကျည််ထိသေဆုံးခဲ့ကြောင်း မြို့ခံများကို ကိုးကား၍ ခင်ဦးမြို့နယ် ပကဖအဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။

“အလောင်းတွေကတော့ လူမှုကူညီရေးအဖွဲ့က ကောက်သွားတာ”။

မွန်းလွဲ ၁ နာရီခန့်အထိ ရဲစခန်းနှင့် မင်းသိုက်တိုက် (စစ်တပ်အထိုင် ချထားသည့်နေရာ) ဘက်မှ သေနတ်သံများ ကြားနေရပြီး မြို့ပေါ်တွင်လည်း လုံခြုံရေးများ တင်းကျပ်နေကြောင်း အထက်ပါ သတင်းရင်မြစ်နှစ်ဦးထံမှ သိရသည်။

စစ်သားနှင့် အရပ်သားသေဆုံး၊ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသည့် ကိစ္စနှင့် ပတ်သက်၍ သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

ခင်ဦးမြို့နယ်ပကဖအဖွဲ့က ထုတ်ပြန်သည့်ရုပ်သံဖိုင်တွင် ကုန်တင်ကားတစ်စီးတွင် ပုန်းခိုလိုက်ပါလာသည့် တော်လှန်ရေးသမားများက အရပ်ဝတ်ဖြင့် လက်နက်ကိုင်တစ်ဦးကို အနီးကပ်ပစ်သတ်သည်ကို တွေ့မြင်ရသည်။

တော်လှန်ရေးအားကောင်းသည့် ထိုဒေသအတွင်းတွင် စစ်သား ၁၀၀ ခန့်က ခင်ဦးမြို့ပေါ်ရှိ ရဲစခန်း၊ မြို့လယ်ရှိ မင်းသိုက် ဆေးတိုက်နှင့် မြို့အနောက်ဘက်ခြမ်းရှိ ခင်ဦးမြို့နယ်ဆေးရုံတို့တွင် တပ်ဖြန့်ကာ အထိုင်ချတပ်စွဲထားသည်ဟု အထက်ပါ ပကဖအဖွဲ့ထံမှ သိရသည်။

ခင်ဦးမြို့နယ်ကို ယခုနှစ် ဖေဖော်ဝါရီလက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထိုသို့ စစ်အုပ်ချုပ်ရေး ကြေညာခါစတွင်ပင် ခင်ဦးမြို့လယ် မင်းသိုက်တိုက် တပ်စွဲရာနေရာမှ ထွက်လာသည့် နယ်ထိန်းတပ်ကြပ်တစ်ဦးကို ကာကွယ်ရေးအဖွဲ့က ပစ်သတ်၍  ၎င်း၏ မောင်းပြန်သေနတ် ယူဆောင်သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

စစ်ကိုင်းတိုင်းအလယ်ပိုင်း မူးမြစ်တစ်လျှောက်မှ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်မြို့နယ်များသည် စစ်ကောင်စီ၏ အပြင်းထန်ဆုံး မီးရှို့ဖျက်ဆီးခံရသော ဒေသများဖြစ်ပြီး ထိုဒေသရှိ တော်လှန်ရေးသမားများကလည်း မြို့ပေါ်အထိ တက်ရောက်ကာ စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်မှုများပြုလုပ်လေ့ရှိသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို လက်လုပ် သေနတ်များဖြင့် စတင်တော်လှန်ခဲ့သည့်  စစ်ကိုင်းတိုင်းမှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှာ သုံးနှစ်နီးပါး ရှိလာချိန်တွင် ပိုမိုကောင်းမွန်သည့်လက်နက်များ တပ်ဆင်ကာ စစ်ရေးလှုပ်ရှားလာနိုင်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles