အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လူစုဝေးမှုဖြင့် NLD ဟောင်းတစ်ဦးတိုင်တန်း

ပြီးခဲ့သည့်ရက်ပိုင်းက ပါတီဝင်တချို့၏ နေအိမ်များသို့ သွားရောက်ရာတွင် လူစုလူဝေးဖြစ်ပေါ်စေမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူပေးရန် NLD ၏ မြို့နယ်အတွင်းရေးမှူးဟောင်းတစ်ဦးက ယနေ့တိုင်ကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးထံ လိပ်မူပြီး သြဂုတ် ၂၄ ရက်စွဲဖြင့် တိုင်ကြားသည့်စာကို ဇဗ္ဗူသီရိမြို့နယ် NLD အတွင်းရေးမှူးအဖြစ် တာဝန်ယူဖူးသူ ညီညီ (ခ) ဦးထွန်းမြင့်အောင်က ပေးပို့ခြင်းဖြစ်သည်။ သူသည် ရန်ပွဲတစ်ခုတွင် ထောင်ကျပြီးနောက် ပါတီနဲ့ ကင်းကွာသွားပြီး NLD အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း နေပြည်တော်က ဝင်ပြိုင်သည့် တသီးပုဂ္ဂလအမတ်လောင်းတစ်ဦးကို ကူညီပံ့ပိုးပေးခဲ့ဖူးသူဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now

[youtube https://youtu.be/hp_h67UDAsc]

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles