ရုပ်သံသတင်း

ပါတီဝင်အချို့၏ နေအိမ်များသို့ NLD ဥက္ကဋ္ဌအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သွားတွေ့

ဥပဒေအရ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး ဆောင်ရွက်ခွင့်ရှိသည့် နိုင်ငံတော်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌအနေဖြင့် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပါတီဝင်အချို့၏နေအိမ်သို့ ယနေ့ညနေပိုင်းက သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက်ပါလာသည့် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ကို No Vote ဟူသည့် မဲမပေးရေး ပြောဆိုချက်များအပေါ် ၎င်း၏အမြင်ကို Myanmar Now က မေးမြန်းရာတွင် “ ဘယ်ပါတီရယ်လို့ မဟုတ်ပါဘူး။ တာဝန်လည်းရှိတယ်၊ ဝတ္တရားလည်း ရှိတယ်။ (မဲ)ပေးကြစေချင်ပါတယ်။ တိုင်းပြည်အတွက်ပါ။ NLD အတွက်လည်း မဟုတ်ဘူး။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ တိုင်းပြည်အတွက် အားလုံးမဲပေးကြပါ” ဟု ဖြေကြားသွားသည်။

သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now

[youtube https://youtu.be/JO9sVfvUSzo]

Related Articles

Back to top button