သတင်း

အငြင်းပွားဖွယ် ရုပ်သံပါ ခရစ်ယာန်တရားဟောဆရာသည် မက်သဒစ် အသင်းသားမဟုတ်

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံပါ ခရစ်ယာန်တရားဟောဆရာသည် မက်သဒစ်အသင်းတော်မှ အသင်းသား ဓမ္မဆရာတစ်ဦး မဟုတ်ကြောင်း ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့၏ နာယကလည်းဖြစ်၊ မက်သဒစ် ခရစ်ယာန်အသင်းတော်မှ ဓမ္မဆရာတစ်ပါးလည်းဖြစ်သည့် ဒေါက်တာ ဦးဇော်ဝင်းအောင်က ယနေ့ ပြောကြားသည်။

ဘာသာရေးအမြတ်ထုတ်သည်ဟု စွပ်စွဲခံနေရသည့် အဆိုပါရုပ်သံနှင့်ပတ်သက်ပြီး မန္တလေးမြို့ ၂၆ လမ်းနှင့် ၇၅ လမ်းထောင့်ရှိ မက်သဒစ်ဘုရားရှိခိုးကျောင်းမှ ဓမ္မဆရာ ဒေါက်တာ ဦးဇော်ဝင်းအောင်ကို Myanmar Now က ယမန်နေ့က တွေ့ဆုံမေးမြန်းခန်းခဲ့သည်။ အဆိုပါ အင်တာဗျူးကိုဖတ်ရှုမိသူများက အဆိုပါ ရုပ်သံပါ အငြင်းပွားဖွယ် ခရစ်ယာန် တရားဟော ဆရာသည် မက်သဒစ်ခရစ်ယာန်အသင်းသားဖြစ်သည်ဟု အထင်အမြင် လွဲမှားနေမှုများနှင့် ပတ်သက်ပြီး ဒေါက်တာ ဦးဇော်ဝင်းအောင်က ပြန်လည်ဖြေရှင်းခြင်း ဖြစ်သည်။

“ဆရာတို့က မက်သဒစ်ဘာသာဝင်အနေနဲ့ ဘာသာရေးပဋိပက္ခမဖြစ်အောင် ဝင်ရောက်တောင်းပန်ပေးတာပါ။ သူက အခြားနှစ်ခြင်းအသင်းတော်ကပါ။ ဒီနောက်ဆုံးဆုတောင်းကို ကျွန်တော်တို့ကလည်းကန့်ကွက်ပါတယ်။ အခုသူနဲ့ပတ်သက်တဲ့ အသင်းတော်ကိုလည်းဒီကိစ္စပြင်းပြင်းထန်ထန်အရေးယူဖို့အကြောင်းကြားထားပါတယ်” ဟု ဒေါက်တာ ဦးဇော်ဝင်းအောင်က Myanmar Now ကို ပြောကြားသည်။

Related Articles

Back to top button