အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အငြင်းပွားဖွယ် ရုပ်သံပါ ခရစ်ယာန်တရားဟောဆရာသည် မက်သဒစ် အသင်းသားမဟုတ်

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံပါ ခရစ်ယာန်တရားဟောဆရာသည် မက်သဒစ်အသင်းတော်မှ အသင်းသား ဓမ္မဆရာတစ်ဦး မဟုတ်ကြောင်း ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့၏ နာယကလည်းဖြစ်၊ မက်သဒစ် ခရစ်ယာန်အသင်းတော်မှ ဓမ္မဆရာတစ်ပါးလည်းဖြစ်သည့် ဒေါက်တာ ဦးဇော်ဝင်းအောင်က ယနေ့ ပြောကြားသည်။

ဘာသာရေးအမြတ်ထုတ်သည်ဟု စွပ်စွဲခံနေရသည့် အဆိုပါရုပ်သံနှင့်ပတ်သက်ပြီး မန္တလေးမြို့ ၂၆ လမ်းနှင့် ၇၅ လမ်းထောင့်ရှိ မက်သဒစ်ဘုရားရှိခိုးကျောင်းမှ ဓမ္မဆရာ ဒေါက်တာ ဦးဇော်ဝင်းအောင်ကို Myanmar Now က ယမန်နေ့က တွေ့ဆုံမေးမြန်းခန်းခဲ့သည်။ အဆိုပါ အင်တာဗျူးကိုဖတ်ရှုမိသူများက အဆိုပါ ရုပ်သံပါ အငြင်းပွားဖွယ် ခရစ်ယာန် တရားဟော ဆရာသည် မက်သဒစ်ခရစ်ယာန်အသင်းသားဖြစ်သည်ဟု အထင်အမြင် လွဲမှားနေမှုများနှင့် ပတ်သက်ပြီး ဒေါက်တာ ဦးဇော်ဝင်းအောင်က ပြန်လည်ဖြေရှင်းခြင်း ဖြစ်သည်။

“ဆရာတို့က မက်သဒစ်ဘာသာဝင်အနေနဲ့ ဘာသာရေးပဋိပက္ခမဖြစ်အောင် ဝင်ရောက်တောင်းပန်ပေးတာပါ။ သူက အခြားနှစ်ခြင်းအသင်းတော်ကပါ။ ဒီနောက်ဆုံးဆုတောင်းကို ကျွန်တော်တို့ကလည်းကန့်ကွက်ပါတယ်။ အခုသူနဲ့ပတ်သက်တဲ့ အသင်းတော်ကိုလည်းဒီကိစ္စပြင်းပြင်းထန်ထန်အရေးယူဖို့အကြောင်းကြားထားပါတယ်” ဟု ဒေါက်တာ ဦးဇော်ဝင်းအောင်က Myanmar Now ကို ပြောကြားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button