အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ခေါင်းဆောင်၏ ဖက်ဒရယ်စနစ်စိတ်ကူးကို KNU ဝေဖန်

ဖက်ဒရယ်စနစ်တည်ဆောက်မှုသည် တစ်ဦးတစ်ယောက်က အမိန့်ပေးဆောင်ရွက်ရမည့်ကိစ္စ မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက (ဩဂုတ် ၁၀) သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သြဂုတ် ၈ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင်က သူ၏ လက်ထောက်များနှင့် တွေ့ဆုံစဉ် ဖက်ဒရယ်စနစ် တည်ဆောက်ရာ၌ လူမျိုးကို အခြေမခံဘဲ ဒေသကို အခြေခံဆောင်ရွက်ရမည်ဟု မှတ်ချက်ပေးခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ထားခြင်းနှင့် ပတ်သက်ပြီး ပဒိုစောတာဒိုမူးက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

၂၀၀၁ နှင့် ၂၀၀၈ ခုနှစ်ကြား ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (Federal Constitution Drafting and Coordinating Committee – FCDCC) က ရေးဆွဲခဲ့သည့် ဖယ်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွင်လည်း ရှင်းလင်းစွာ ဖော်ပြထားပြီး ဖြစ်သည်ဟု သူက ထောက်ပြသည်။

“FCDCC ကို ကြည့်လိုက်မယ်ဆိုရင် လူမျိုးလည်း အခြေခံတယ်။ ဒေသလည်း အခြေခံတယ်။ ဖက်ဒရယ်စနစ်ကို ကျွန်တော်တို့ ဘယ်လိုတည်ဆောက်နိုင်ကြမလဲဆိုတာမှာ ဖယ်ဒရယ်ယူနစ်တွေရဲ့ ဆုံးဖြတ်ခွင့် ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ကနေပြီး ဒီလိုလုပ်ကြဆိုပြီး အမိန့်ပေးလုပ်ရမဲ့ကိစ္စမျိုး မဟုတ်ပါဘူး” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၁၆ ဇူလိုင်လ ကချင်ပြည်နယ် မိုင်ဂျာယန်ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ၍ လူမျိုးကို အခြေခံကာ ပြည်နယ်များနှင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် FCDCC ၏ အခြေခံမူများကို သဘောတူညီခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း ၎င်းတို့အနေဖြင့် FCDCC ရေးဆွဲခဲ့သည့် မူကြမ်းကို အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းမည်ဖြစ်ကြောင်း ၂၀၂၁ မေလအတွင်းက ပြောထားသည်။

ဤအခြေအနေတွင် KNU က ဖက်ဒရယ်နှင့် ပတ်သက်ပြီး ၎င်းတို့၏ မူဝါဒ ပြတ်ပြတ်သားသားရှိကြောင်း ထုတ်ဖော်ပြောလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ပုံစံက ပြည်နယ်တွေရဲ့ စုပေါင်းပြီး အာဏာခွဲဝေမှုကို အခြေခံပြီး ဗဟိုအဆင့်လို့ ပြောလို့ရတဲ့ ကျွန်တော်တို့ Federal Government ကို ဘယ်လိုအာဏာခွဲဝေပေးမယ်ဆိုတဲ့ အခြေခံရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တောက်လျှောက်ကြုံတွေ့လာရတာက ဖက်ဒရယ်ကို ခွဲထွက်ရေးလို့ ပြောတဲ့ အခြေအနေတွေကနေပြီး နောက်ဆုံး ဖက်ဒရယ်သည် Decentralization (ဗဟိုချုပ်ကိုင်မှုလျှော့ချရေး) ဆိုတာ ပြည်သူတွေမြင်လာအောင် အစိုးရတွေ ချပြတဲ့ပုံစံတွေ ရှိပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

“ဖက်ဒရယ်ယူနစ်အသီးသီးနဲ့ ကိုက်ညီတဲ့ ပုံစံကို ကျွန်တော်တို့ ဖက်ဒရယ်ယူနစ်အသီးသီးက ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဟာတွေသည် အားလုံးကြားထဲမှာပဲ အဆင့်ဆင့်သော လက်ခံထားတဲ့ တန်ဖိုးရှိတဲ့ သဘောတူညီချက်တွေ ဖြစ်ပြီး ဒီသဘောတူညီချက်တွေရဲ့ ဖရိန်ထဲမှာ သက်ဆိုင်ရာ ကျွန်တော်တို့ ဖက်ဒရယ်ယူနစ်တွေက ဘယ်လိုအခြေခံနဲ့ ကိုယ့်ရဲ့သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်တွေကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ မူတည်ပြီးတော့ အသုံးပြုသွားမယ်ဆိုရင် ကျွန်တော်တို့အားလုံး ပိုပြီး မြန်ဆန်ပြီးတော့ ပိုပြီး နီးကပ်တဲ့ တည်ဆောက်မှုတစ်ခု ရရှိသွားမယ် ဆိုတာကို ပြောလိုပါတယ်”

ယနေ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထိပ်ပိုင်းခေါင်းဆောင်များက အမှုဆောင်အဖွဲ့သစ်၏ ရက် ၁၀၀ ပြည့်အဖြစ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဖက်ဒရယ်ရေးရာအပြင် KNU ၏ ဆောင်ရွက်ချက်များ၊ တပ်မဟာ (၅) နှင့် (၂) တို့မှ တောင်းဆိုချက်များအကြောင်း ဆောင်ရွက်ထားမှုများ၊ စစ်ရေးအခြေအနေများကို ရှင်းလင်းပြောခဲ့ကြသည်။

KNU ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ စစ်ဦးစီးမှူး (ပထမတန်း) ဗိုလ်မှူးချုပ် စောတာမလာသော၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာန ဌာနမှူး ပဒိုစောလောအယ်မူးတို့ တက်ရောက်ရှင်းလင်းခဲ့ကြသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button