အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“ကိုယ့်သမိုင်းကိုယ်ရေးသွားတဲ့ သားနှစ်ယောက်အတွက် ဂုဏ်ယူတယ်”

မုံရွာမြို့၏ မြစ်တစ်ဖက်ကမ်း ယင်းမာပင်မြို့၏ အရှေ့မြောက်ဘက်က အိမ်ခြေ ၁၄၀၀ ခန့်ရှိသည့် စုန်းချောင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသား ၁၄ ဦးကို သွေးအေးအေးဖြင့် နှိပ်စက်သတ်ဖြတ်သွားခဲ့သည်။ Myanmar Now က ကြည့်ခွင့်ရသည့် စုန်းချောင်းဒေသခံတို့၏ ရုပ်အလောင်းများတွင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များ တွေ့ရသည်။ ဓာတ်ပုံများတွင် အချို့က ဦးခေါင်းပွင့်ထွက်ဒဏ်ရာများ၊ လည်ပင်းနှင့် ရင်ညွန့်တို့တွင် စကေဘာ ထိုးသွင်းဒဏ်ရာများ၊ ခြေ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ဓားနှင့် မွှန်းခံထားရသည့် ဒဏ်ရာဒဏ်ချက်များ၊ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် မီးလောင်ဒဏ်ရာကဲ့သို့ အရေပြားလန်နေသည့် ဒဏ်ရာများ တွေ့ရသည်။ စုန်းချောင်းရွာမြောက်ပိုင်းတွင် ဖမ်းဆီးခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရသည့် ညီအကို ၂ ဦး၏ ဖခင်ကတော့ သူ၏ သားများအတွက် ဂုဏ်ယူကြောင်း ဖွင့်ဟသည်။

သတင်း၊ တင်ဆက် – ခင်ရီရီဇော်၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button