
မုံရွာမြို့၏ မြစ်တစ်ဖက်ကမ်း ယင်းမာပင်မြို့၏ အရှေ့မြောက်ဘက်က အိမ်ခြေ ၁၄၀၀ ခန့်ရှိသည့် စုန်းချောင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသား ၁၄ ဦးကို သွေးအေးအေးဖြင့် နှိပ်စက်သတ်ဖြတ်သွားခဲ့သည်။ Myanmar Now က ကြည့်ခွင့်ရသည့် စုန်းချောင်းဒေသခံတို့၏ ရုပ်အလောင်းများတွင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များ တွေ့ရသည်။ ဓာတ်ပုံများတွင် အချို့က ဦးခေါင်းပွင့်ထွက်ဒဏ်ရာများ၊ လည်ပင်းနှင့် ရင်ညွန့်တို့တွင် စကေဘာ ထိုးသွင်းဒဏ်ရာများ၊ ခြေ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ဓားနှင့် မွှန်းခံထားရသည့် ဒဏ်ရာဒဏ်ချက်များ၊ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် မီးလောင်ဒဏ်ရာကဲ့သို့ အရေပြားလန်နေသည့် ဒဏ်ရာများ တွေ့ရသည်။ စုန်းချောင်းရွာမြောက်ပိုင်းတွင် ဖမ်းဆီးခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရသည့် ညီအကို ၂ ဦး၏ ဖခင်ကတော့ သူ၏ သားများအတွက် ဂုဏ်ယူကြောင်း ဖွင့်ဟသည်။
သတင်း၊ တင်ဆက် – ခင်ရီရီဇော်၊ ဟန်သစ်