စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို ယမန်နေ့ (ဇူလိုင် ၂၁) နံနက်အစောပိုင်းတွင် စစ်တပ်က ရုတ်တရက်ဝင်ရောက်စီးနင်းပြီး အသက်မပြည့်သေးသည့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်မှ အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် ယင်းမာပင်မြို့၊ မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ချင်းတွင်းမြစ်ကမ်းဘေးရှိ စုန်းချောင်းရွာကို နံနက် ၂ နာရီဝန်းကျင်တွင် ၄ နေရာခန့်ခွဲပြီး ရုတ်တရက်ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။ စစ်ကြောင်းဝင်ရောက်စီးနင်းစဉ် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ဖမ်းဆီးသွားသည့် ရွာခံ ၁၁ ဦးကို ရွာမှ ပြန်လည်ဆုတ်ခွာစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အသတ်ခံရသူများအနက် အသက် ၁၅ နှစ်အရွယ် ၂ ဦး၊ ၁၇ နှစ်အရွယ် ၁ ဦး ပါဝင်ပြီး ကျန် ၁၁ ဦးမှာ အသက် ၄၀ ဝန်းကျင် လူလတ်ပိုင်းအရွယ် အမျိုးသားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
Read Next
November 3, 2025
စစ်တပ်ထိုးစစ်ကြောင့် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ ခန့်မှ အရပ်သားများ ထွက်ပြေးနေရ
October 30, 2025
စစ်တပ်က ချင်းနှင့် ကလေးမြို့နယ်တောင်ပိုင်းကို အင်အားဖြည့် စစ်ကြောင်းထိုးနေ
October 27, 2025
စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယစစ်တပ်ဗုံးကြဲတိုက်ခိုက်မှုတွင် နာဂဒေသခံ ၂ ဦးသေဆုံး
October 26, 2025
အိမ်များမီးရှို့ခံရသော်လည်း ဘဝကို အရှုံးမပေးသော အမျိုးသမီးများ
October 26, 2025



