အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စာသင်ကျောင်းအတွင်း လက်နက်ကြီးကျည် ကျပြီး ခင်ဦးဒေသခံ တစ်ဦးသေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကျေးရွာ စာသင်ကျောင်း၌ ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသလို တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။

အင်အား ၁၀၀ ဝန်းကျင် စစ်ကောင်စီစစ်ကြောင်းတစ်ခု ရေဦးမြို့ဘက်သို့ ပြန်လာစဉ် အနီးအနား ခင်ဦးနယ်အနောက်ခြမ်းရှိ အင်းပတ်ကွေ့ဈေးတန်းရှိ စစ်တပ်စခန်းက ၆၀ မမ စိန်ပြောင်းဖြင့် နှစ်ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အင်းပတ်ကျေးရွာအတွင်း တစ်လုံး၊ ရွာမြောက်ဘက် ကျေးရွာစာသင်ကျောင်းအတွင်း တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း ခင်ဦးအနောက်ခြမ်းအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သော KSO တပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။

“ရန်သူက ရေဦးမြို့ပေါ် ပြန်ဖို့အတွက် ကားနဲ့ လာကြိုမှာကို ဒီဘက်က တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲမှာကို စိုးရိမ်လို့ ခြောက်ပစ်ပစ်တဲ့သဘော ထင်တယ်။ ရွာထဲကျတဲ့ တစ်လုံးကတော့ မထိဘူး။ စစ်ဘေးဒုက္ခသည်တွေကြားထဲ ကျတဲ့တစ်လုံးက လူရော၊ နွားတွေရော ထိကုန်တာ” ဟု KSO တာဝန်ခံ ဗိုလ်လင်းရောင်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသက် ၄၈ နှစ်အရွယ် ဦးသန်းစိုး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ၄၀ အရွယ် ဦးထွန်းမြင့်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိသည်ဟု သိရသည်။

လုပ်ငန်းသုံးနွားနှစ်ကောင်လည်း သေဆုံးပြီး၊ နှစ်ကောင် ကျည်စထိမှန်ခဲ့သည်ဟု သိရသည်။

အသက် ၄၈ နှစ်အရွယ် ဦးသန်းစိုး၏ ရုပ်အလောင်း။ (ဓာတ်ပုံ-ပေးပို့)

ထိုစစ်ကြောင်းသည် ဇူလိုင် ၁၅ တွင် ရွှေဘိုမှ ခင်ဦးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည်ဟု သိရသည်။ 

တယ်ဘိုပင်ကျေးရွာတွင် ညအိပ် စခန်းချကာ နောက်တစ်နေ့တွင် မူးတိမ်ချောင်းတံတားစစ်စခန်းမှ အင်းပတ်ကွေ့ဈေးတန်း စစ်စခန်း၊ ထိုမှတစ်ဆင့် ရေဦးမြို့သို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။

အင်းပတ်ကွေ့ဈေးတန်းစခန်းအတွင်းမှ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့တစ်ခုက နံနက် ၆ နာရီခန့်တွင် ချမ်းသာကုန်းရွာအတွင်း ဝင်ရောက်ကာ ရိက္ခာနှင့် ပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည်။

ထိုတပ်ဖွဲ့က ချမ်းသာကုန်းရွာသား အသက် ၄၀ အရွယ် ဦးလှမိုး မောင်းနှင်လာသော ထော်လာဂျီကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဦးလှမိုး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။

ယခုလဆန်းပိုင်းကတည်းက အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာကာ လှည့်လည်စစ်ကြောင်းထိုးခဲ့ပြီးနောက် ရွှေဘိုမြို့အနီးရှိ ကိုးပင်လေ့ကျင့်ရေးကျောင်းအတွင်း ခေတ္တ စခန်းချခဲ့သည်။

ထို့နောက် ဇူလိုင် ၁၅ တွင် ရေဦးမြို့သို့ ဦးတည်ကာ ပြန်လည်ထွက်ခွာလာစဉ် အနီးအနားရှိ စခန်းများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အင်းပတ်ကျေးရွာသည် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ စခန်းချ တပ်စွဲထားသည့် ရွာသစ်ကုန်းကျေးရွာနှင့် မိုင်ဝက်ခန့်သာ ဝေးသည်။

စစ်ကောင်စီတပ် မကြာခဏ ဝင်ရောက်သည့် အင်းပတ်ရွာသည် ၁၀ ကြိမ်မက ဖျက်ဆီးခံထားရသည်၊ စစ်တပ်က ရွာတစ်ခြမ်းကို မီးရှို့ဖူးသလို အများအားဖြင့် အိမ်အနည်းငယ်ကိုသာ ရွေးချယ် မီးရှို့တတ်သည်။ အိမ် ၁၅၀ ခန့်နှင့် တော်လှန်ရေးသမားတို့ စီစဉ်သည့် စာသင်ကျောင်းတစ်ဆောင် ပျက်စီးဆုံးရှုံးထားသည့်ရွာဖြစ်သည်။

စာသင်ကျောင်းတွင် အင်းပတ်နှင့် ရွာသစ်ကုန်းရွာမှ ဒေသခံ ၅၀ ခန့် ခိုလှုံနေကြသည်။

ခင်ဦးအနောက်ခြမ်းသည် ယမန်နှစ် နိုဝင်ဘာကလည်း စစ်ကောင်စီတပ် စစ်ကြောင်း ၃ ကြောင်းထက်မနည်း စီးနင်း ဝင်ရောက်လာသောကြောင့် ဒေသခံ သောင်းချီ ထွက်ပြေးခဲ့ရကာ ကျေးရွာအများအပြား မီးရှို့ခံထားရသည်။

ဧပြီလ ၁၉ ရက်နေ့ကလည်း အင်းပတ်ကျေးရွာမှ ဒေသခံများ စစ်ကောင်စီတပ်ရန်မှ ထွက်ပြေးစဉ် အသက် ၈၃ နှစ်အရွယ် ဒေါ်ပုစိန် လမ်းတွင် သေဆုံးခဲ့သည်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles