အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တိုက်ပွဲမရှိသည့် လူနေရွာကို စစ်ကောင်စီတပ် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မြောက်ပိုင်း၊ ရေမျက်ကျေးရွာကို ယနေ့ (ဇူလိုင် ၁၀) နံနက်တွင် လေတပ်က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။ မြို့နယ်မြောက်ဘက် ၁၇ မိုင်ခန့်အကွာရှိ ထိုရွာကို နံနက် ၁၀ နာရီခန့်တွင် တိုက်ခိုက်ရေးလေယာဉ်တစ်စီးက အကြိမ်ကြိမ် ပျံဝဲပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို မိနစ် ၂၀ ကျော်ကြာ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်းတာဝန်ခံ ကိုဇွဲ၊ ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဦးမြင့်ထွေးတို့က ပြောသည်။​ “ဗုံးတွေ ကြဲချတယ်၊ စက်သေနတ်တွေနဲ့လည်း ပစ်တယ်၊ ပြည်သူ အထိအခိုက်မရှိသေးဘူး။ (စာသင်ကျောင်း) အဆောက်အအုံတွေတော့ ပျက်စီးတာ ရှိတယ်” ဟု ကိုဇွဲက ဆိုသည်။ ရေမျက်ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကြားတွင် ဗုံး ၁ လုံး၊ ရွာအတွင်း ၁ လုံး၊ ရွာမြောက်ဘက်ကပ်လျက် ၁ လုံး၊ လယ်ကွင်းများထဲတွင် ၅ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့သည်၊ ဘုန်းကြီးကျောင်းပင်မကျောင်းဆောင်ရှေ့နှင့် ရွာအတွင်းတွင် ၁ လုံးစီ မပေါက်ကွဲဘဲ ရှိနေသည်ဟု ခရိုင်ပကဖတာဝန်ခံ ဦးမြင့်ထွေးက ပြောသည်။

သတင်း – သူရမောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button