တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီးညိုစောရဲ့ သစ္စာရှိမှုကြောင့် မင်းအောင်လှိုင်က မြှောက်စားတာ ဖြစ်နိုင်သလို အပြစ်တစ်ခုခုကြောင့် MEC ဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားချင်တဲ့အတွက် အခုလို အကြံပေးခန့်တာလည်း ဖြစ်နိုင်တယ်လို့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှာ ၁၀နှစ်ကျော် တာဝန်ထမ်းခဲ့ဖူးတဲ့ တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးညိုစောရဲ့ ဇနီးဖြစ်သူဟာ သရုပ်ဆောင် မေသဥ္ဇာဦးရဲ့ အစ်မ ဒေါ်စန်းစန်းမြင့်ဖြစ်ပြီး သူတို့မှာ သန့်ညိုစော၊ သင့်ညိုစောနဲ့ ဆင့်ညိုစောဆိုတဲ့ သားသမီးသုံးယောက်ရှိတယ်လို့ သိရပါတယ်။
သတင်း၊ တင်ဆက် – စထွန်းအောင်
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)