အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇွန် ၁၉ မှာ ကျရောက်တဲ့ သူ့ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ကို နေပြည်တော်အချုပ်ထောင်ထဲက အခန်းငယ်လေးတစ်ခုထဲမှာ အထီးကျန်စွာ ဖြတ်သန်းနေရပါတယ်။ နေပြည်တော်အချုပ်ထောင်ထဲက ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ဘယ်သူမှမသိနိုင်ပေမဲ့ သည်းသည်းလှုပ် ထောက်ခံတဲ့ လူထုကတော့ သူ့ကို မမေ့ကြသေးပါဘူး။ သူတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ခြိမ်းခြောက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို အန်တုလို့ ဒီကနေ့ ဇွန် ၁၉ မှာ ကျရောက်တဲ့ ဒေါ် အောင်ဆန်းစုကြည် အသက် ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေကို လူထုက ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေကြပါတယ်။
ရုပ်/သံ – ဉာဏ်လှိုင်လင်း၊ ဟန်သစ်
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)