အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲများကြောင့် လူသူကင်းမဲ့နေသည့် ချင်းပြည်နယ် မီးလက်ဝရွာမီးလောင်

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေသဖြင့် လူသူကင်းမဲ့နေသော ချင်းပြည်နယ်၊ပလက်ဝမြို့နယ် မီးလက်ဝရွာမှာ ယနေ့နေ့လယ်က မီးလောင်ခဲ့ကြောင်း ဒေသအာဏာပိုင်များကဆိုသည်။

နေ့လယ် ၃ နာရီခန့်မှ စတင်လောင်ကျွမ်းနေခြင်းဖြစ်ပြီး မီးလောင်ရသည့်အကြောင်းရင်းကို မသိရသေးဟု ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လော့ဟာက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

“အခုထိလောင်နေတုန်းပဲ၊ အဲဒီရွာကို မီးသွားငြှိမ်းလို့လည်းမရဘူး ဘယ်သူမှလည်းသွားလို့မရဘူး” ဟု ဦးအောင်လော့ဟာက ညနေ ၄ နာရီခွဲခန့်က ပြောသည်။

ပလက်ဝမြို့ပေါ်တွင်စစ်ရှောင်နေသည့် မီးလက်ဝရွာသူ မအောင်ဆိုက်က ရွာမီးလောင်နေသည်ကို ပလက်ဝဘက်ကမ်းမှ လှမ်းမြင်နေရပြီး လက်ရှိတွင် အိမ်ခြေ ၄၀ ခန့် မီးလောင်ကျွမ်းသွားပြီဖြစ်သည်ဟု ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အိမ်ခြေ ၁၂၀ ကျော်ရှိသည့် မီးလက်ဝရွာမှာ ပလက်ဝမြို့၏ အရှေ့ဘက် ကုလားတန်မြစ်နံဘေးတွင်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျေးရွာအတွင်း နှစ်ရက်ဆက်တိုက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်ကြီးပိုင်းများအပါအဝင် ကျေးရွာသား ၅ ယောက်ခန့် ဒဏ်ရာရခဲ့သည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရမှုများဖြစ်လာသည့်အတွက် ပြီးခဲ့သည့် ၃ လခန့်မှစ၍ ပလက်ဝ၊ ဆမီး၊ မတူပီ၊ ရန်ကုန်စသည့်မြို့များသို့ တစ်ရွာလုံး စစ်ရှောင်နေကြရသည်။

ရန်ကုန်မြို့ မှော်ဘီမြို့နယ်တွင် စစ်ရှောင်နေရသည့် မီးလက်ဝရွာမှ ဒေါ်ပြည်တင်က ရွာမီးလောင်သည့်သတင်းကို ဒေသခံများ၏ ဆက်သွယ်မှုကြောင့်ကြားရပြီး မီးလောင်မှုတွင် ၎င်း၏နေအိမ်လည်း ပါဝင်သွားသည်ဟု ဆိုသည်။

ပလက်ဝဒေသ အေးအေးချမ်းချမ်းဖြစ်သွားသည့်အခါတွင် ရွာပြန်နေဖို့စဉ်းစားသော်လည်း ယခုလိုရွာမီးလောင်သွားသည့်အတွက် အိမ်ပြန်ဖို့ ခက်ခဲသွားပြီဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်တိုက်ပွဲများအတွင်း ရွာမီးလောင်သည့် ဖြစ်စဉ်များ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး ပြီးခဲ့သည့် မေ  ၁၆ ကလည်း လူနေထိုင်ခြင်းမရှိသည့် မြောက်ဦးမြို့နယ် လက္ကာရွာတွင် နေအိမ် ၁၉၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်မှုအတွက် တပ်မတော်နှင့် AA တို့အကြား အပြန်အလှန် စွပ်စွဲပြစ်တင်လျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles