ရုပ်သံသတင်း

ရိုဟင်ဂျာများ ရာနှင့်ချီ သေဆုံးမှု စစ်တပ် ဘာတွေပျက်ကွက်ခဲ့သလဲ

“မိုခါ ဆိုင်ကလုန်းကြားက ရိုဟင်ဂျာ ဒုက္ခသည်များ”

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့ပြီး သိန်းနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်။ မုန်တိုင်းဖြစ်ပွားပြီး ၁ ပတ်ကျော်ကြာသည်အထိ နိုင်ငံတကာ ကူညီ၊ ကယ်ဆယ်ရေးများ ဝင်ရောက်ခွင့် မရသေးဘဲ အချိန်မီ ကူညီ၊ ကယ်ဆယ်မှုများ မရရှိပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ မုန်တိုင်းမတိုင်မီ လုံလောက်သည့် သတိပေးမှုများမရှိသည့်အပေါ် စစ်ကောင်စီ၏ စီမံခန့်ခွဲမှု လွဲမှားမှုများ၊ မုန်တိုင်းဖြစ်ပွားပြီးနောက် ကူညီ၊ ကယ်ဆယ်မှုများ အချိန်မီ မရောက်ရှိသည့်အပေါ် စိုးရိမ်မှုများကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ၂ ဦးက ဆွေးနွေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button