အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရိုဟင်ဂျာများ ရာနှင့်ချီ သေဆုံးမှု စစ်တပ် ဘာတွေပျက်ကွက်ခဲ့သလဲ

“မိုခါ ဆိုင်ကလုန်းကြားက ရိုဟင်ဂျာ ဒုက္ခသည်များ”

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့ပြီး သိန်းနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်။ မုန်တိုင်းဖြစ်ပွားပြီး ၁ ပတ်ကျော်ကြာသည်အထိ နိုင်ငံတကာ ကူညီ၊ ကယ်ဆယ်ရေးများ ဝင်ရောက်ခွင့် မရသေးဘဲ အချိန်မီ ကူညီ၊ ကယ်ဆယ်မှုများ မရရှိပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ မုန်တိုင်းမတိုင်မီ လုံလောက်သည့် သတိပေးမှုများမရှိသည့်အပေါ် စစ်ကောင်စီ၏ စီမံခန့်ခွဲမှု လွဲမှားမှုများ၊ မုန်တိုင်းဖြစ်ပွားပြီးနောက် ကူညီ၊ ကယ်ဆယ်မှုများ အချိန်မီ မရောက်ရှိသည့်အပေါ် စိုးရိမ်မှုများကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ၂ ဦးက ဆွေးနွေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles