ရုပ်သံသတင်း

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း ‌မုန်တိုင်းတိုက်ခတ်မှု

ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားလာသည့် ဖျက်အားပြင်းမှုအဆင့် (၄) သတ်မှတ်ထားသော မိုခါဆိုင်းကလုန်းမုန်းတိုင်းသည် ယနေ့ (မေ ၁၄) မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ဘင်္ဂလားဒေရှ်နိုင်ငံရှိ ကော့ဘဇာ ဒုက္ခသည်စခန်းကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ကနဦး ခန့်မှန်းထားသည့်အတိုင်း မုန်တိုင်းလမ်းကြောင်း ပြောင်းလဲသွားခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကြား စစ်တွေအနီးမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆) ပေမှ ပေ (၂၀) ခန့်အထိ မြင့်တက်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းသည်။

Show More

Related Articles

Back to top button