သတင်း

LIVE: မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်နေပြီ

ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားလာသည့် ဖျက်အားပြင်းမှုအဆင့်(၄) သတ်မှတ်ထားသော မိုခါဆိုင်းကလုန်းမုန်းတိုင်းသည် ယနေ့ (မေ ၁၄) မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တွင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက်တွင်ကျရောက်နေသည့် စစ်တွေမြို့တွင် ပယ်လယ် ဒီရေ အလုံး အရင်းဝင်ရောက်လာပြီး မြေနိမ့်ပိုင်းရှိနေအိမ်များ ရေလွှမ်းမိုးခံနေရပြီး  ကူညီကယ်ဆယ်ရေး များလိုအပ်နေသည်ဟု ဒေသခံများက ယနေ့ ( မေ ၁၄) မွန်းလွဲပိုင်းတွင် ပြောသည်။ 

စစ်တွေမြို့ပေါ်ကို နေ့လယ် ၁ နာရီဝန်းကျင်ခန့်က စတင်ပြီး ပင်လယ်ဒီရေ အလုံးအရင်း ဝင်ရောက်လာရာ မြေနိမ့်ပိုင်းရပ်ကွက်များတွင် အိမ်းအတွင်း ပိတ်မိနေသူအများအပြားက  အကူအညီ လိုအပ်ကြောင်း Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတောင်းခံနေကြသည်။

မြို့ပေါ်ရှိ အဓိကလမ်းမကြီးများ အားလုံး ရေလွှမ်းမိုးခံထားရပြီး ကုလားတန်မြစ်၊ ပင်လယ်ကမ်းစပ်တို့နှင့်  နီးသည့် ရပ်ကွက်များဖြစ်သည့် ရွှေပြား၊ မိဇံ၊ ကျေးတောရွာမ၊ ကျေးတော ပိုက်ဆိပ် ကျေးရွာများတွင်  တစ်ထပ်အိမ်နိမ့်များ ရေလွှမ်းခံနေရပြီး ဒေသခံ များက ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရသည်ဟု စစ်တွေ ဒေသခံ တစ်ဦးက Myanmar Now ကို ပြောသည်။ 

“သူတို့က အိမ်တွေရေမြှုပ်နေလို့ Facebook ပေါ်ကနေပြီးတော့ အကူအညီတောင်းနေကြတာ၊ ဒီထက်ပိုပြီးတော့ တက်လာရင်တော့ အကုန်လုံး သေနိုင်ပါတယ်၊ ထွက်ပေါက်တွေမရှိဘူး၊ ထွက်လို့မရဘူး၊ အသက်ကယ် အင်္ကျီမရှိဘူးဆိုရင်ပေါ့” ဟု အဆိုပါ ဒေသက ပြောပြသည်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတို့၏ ကူညီ ကယ်ဆယ်မှုများ ယခုအချိန်ထိ မရရှိသေးဘဲ ယမန်နေ့ ( မတ် ၁၃) က စစ်တပ် မိသားစုဝင်များကို ဘေးလွတ်ရာသို့ ကားများဖြင့် ခေါ်ဆောင်သွားသည်ကို မြင်တွေ့ရကြောင်း၊ ယမန်နေ့ ညနေပိုင်းတွင်မူ  အရေးပေါ်ရွှေ့ပြောင်းရန် အသံချဲ့စက်ဖြင့် လိုက်လံ သတိပေးနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။ 

“တစ်ထပ်အိမ်တစ်လုံးဆိုရင် တစ်လုံးလုံးမြုပ်နေပြီ။ လူတစ်ရပ်စာလောက်ကို မြုပ်တာပေါ့။ အကူအညီတောင်းတဲ့သူတွေကို မြင်နေရတာတောင်မှ တစ်ယောက်မှ သွားလို့ မရဘူး။ ကိုယ်တစ်ယောက်တည်း ဒီတိုင်းသွားလိုက်မယ်ဆိုရင် ဆင်းတာနဲ့ ကိုယ်ပါ ရေထဲ ပါသွားမယ့် ပုံမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်တွေတွင် ရေလွှမ်းနေပုံ (Western News)

ကနဦး ခန့်မှန်းထားသည့်အတိုင်း မုန်တိုင်းသည် လမ်းကြောင်းပြောင်းလဲသွားခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကြား စစ်တွေအနီးမှ မြန်မာနိုင်ငံကို ဝင်ရောက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ယနေ့မနက် ၁၀ နာရီခွဲတွင် မုန်တိုင်း၏ အပြင်ဘက်အဝန်းဝိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ကာ မွန်းလွှဲပိုင်း စစ်တွေမြို့အနီးဝင်ရောက်စဉ် အမြင့်ဆုံးလေတိုင်နှုန်းမှာ တစ်နာရီလျှင် ၁၃၀ မှ ၁၃၇ မိုင်အထိ ရှိကြောင်း၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်ကို ဝင်ရောက်မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ မြင့်တက်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းသည်။

 လေပြင်းများစစ်တွေမြို့တွင် တရကြမ်းတိုက်ခိုက်နေရာ စစ်တွေမြို.ရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုမှာ နေ့လည် မွန်းတည့် ၁၂ နာရီတွင် ကျိုးကျသွားပြီး၊ လူနေအိမ်အချို့လည်း အမိုးများပျက်စီးနေကြောင်း သိရှိရသည်။

စစ်တွေမြို.ရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုမှာ နေ့လည်မွန်းတည့် ၁၂ နာရီတွင် ကျိုးကျသွားကြောင်း သိရှိရသည်။

ဆိုင်ကလုန်း မိုခါသည် လတ်တလောတွင် ရခိုင်ပြည်နယ်မှ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းနှင့် ကချင်ပြည်သို့ ဆက်လက်ဦးတည်နေပြီး စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်း ၉၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နေ့လယ် ၁ နာရီတွင် ထုတ်ပြန်သည်။

စစ်တွေတွင် အိမ်များပျက်စီးနေပုံ။ (Photo: Western News)

နိုင်ငံအနောက်ဘက်ပိုင်း ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့သည့် စစ်ဘေးဒဏ် အလူးအလဲခံနေရသလို သန်းနှင့်ချီသောစစ်ဘေးရှောင်များသည့် အမိုးအကာမရှိဘဲ နေထိုင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဘင်္ဂလားဒေ့နယ်စပ်ရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များလည်း မုန်းတိုင်းအန္တရာယ်ရှိနေသည်။ 

မုန်တိုင်းဒဏ်ခံရသည့် လူမှူအစိုင်းအဝိုင်းအတွက် အကူအညီပေးရန်အသင့်ရှိကြောင်း၊ မုန်တိုင်း ပြီးသည့်နှင့်တစ်ပြိုင်နက် အရေးပေါ်တုန့်ပြန်မှုအစီစဉ်များစတင်မည်ဖြစ်ကြောင်း UNOCHA က ဆိုသည်။

မြန်မာစံတော်ချိန်နေ့လည် ၃ နာရီ

စစ်တွေမြို့ပေါ်ကို ပင်လယ်ဒီရေအလုံးရင်းတက်လာ

မွန်းလွှဲ ၁၂ နာရီကျော်တွင် အင်အားအလွန်ပြင်းသည့် မိုခါဆိုင်ကလုံးမုန်းတိုင်းစတင်ဖြတ်သည့် မုန်တိုင်းဗဟိုချက် စစ်တွေမြို့ပေါ်၌ နေ့လည် ၁ နာရီခွဲတွင် ပင်လယ်ဒီရေအလုံးအရင်းတက်ကာ လေတိုက်နှုန်းပိုကြမ်းလာသည်ဟု ဒေသတွင်း သတင်မီဒီယာများက ဖော်ပြသည်။

စစ်တွေမြို့လမ်းမတောင်ရပ်ကွက်တွင် လမ်းမများ၊ မော်တော်ကားများနှင့် အိမ်ခြံဝန်းအတွင်း ပင်လယ်ဒီရေ လျှံတက်လာပြီး ရေနစ်မြှုပ်မှုကြောင့် ကူညီကယ်ဆယ်ရန်တောင်နေသူများ ရှိသည်ဟု ကယ်ဆယ်ရေးအဖွဲ့များကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် တွေ့ရသည်။

ပြည်နယ်မြို့တော် စစ်တွေတွင် နံနက် ၁၀ နာရီခန့်က လေပြင်းများတိုက်ခတ်ကာ လမ်းဘေးသစ်ပင်များ ကျိုးကျခြင်း၊ နေအိမ်အမိုးလန်ခြင်းနှင့် တဲအိမ်များပြိုလဲပျက်စီးသည်အထိဖြစ်လာပြီး မွန်းလွှဲပိုင်းတွင် စစ်တွေဆက်သွယ်ရေးရုံးအတွင်းမှ တာဝါတိုင်တစ်ခုကျိုးကျပျက်စီးသွားသည်။

ယနေ့မနက် ၁၀ နာရီခွဲတွင် မုန်တိုင်း၏ အပြင်ဘက်အဝန်းဝိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ကာ မွန်းလွှဲပိုင်း စစ်တွေမြို့အနီးဝင်ရောက်စဉ် အမြင့်ဆုံးလေတိုင်နှုန်းမှာ တစ်နာရီလျှင် ၁၃၀ မှ ၁၃၇ မိုင်အထိ ရှိကြောင်း၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်ကို ဝင်ရောက်မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ မြင့်တက်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းသည်။

မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီခွဲ

“မိုခါ” ၏ အရှိန်ကြောင့် မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ဆိုသည်။ တောင်တန်းများရှိနေသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်၊ မကွေးတိုင်းတို့တွင် မုန်တိုင်းအန္တရာယ်အပြင် မြေပြိုမည့် အန္တရာယ်လည်း ရှိနိုင်သည်။

ယနေ့မနက်ပိုင်းကတည်းက မုန်တိုင်းဗဟိုချက်ဖြစ်သည့် ရခိုင်ပြည်နယ်ကမ်းရိုးတမ်းဒေသများတွင် မိုးရွာသွန်းကာ လေပြင်းများ စတင်တိုက်ခိုက်လာကြောင်း စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ဂွနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း မုန်တိုင်းကြောင့် ပျက်စီးထိခိုက်မှုများ စတင်ဖြစ်ပေါ်နေကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ယနေ့မနက်ပိုင်းတွင် ပြောသည်။

ဂွမြို့ပေါ်တွင် ဓာတ်အားပေးစက်တစ်လုံးနှင့် ဓာတ်တိုင်တစ်ခု ပြိုလဲပျက်စီးသွားပြီး မြို့မြောက်ဘက်ရှိ ရွှေဦးကွင်းရွာတွင် သစ်ပင်များပြိုလဲမှုကြောင့် လူနေအိမ်များပါ ပျက်စီးမှုရှိကြောင်း ၎င်းက ပြောသည်။

ဂွမြို့မှ ၁၇ မိုင်ခန့်အကွာ ပင်လယ်ကမ်းစပ်အနီး ရွှေဦးကွင်းရွာတွင် ယမန်နေ့ညကတည်းက နှစ်မိနစ်ကြာ လေပြင်းတိုက်ခိုက်ခတ်ခဲ့ရာ လူနေအိမ် ၅၀ ကျော် ပျက်စီးကြောင်း ရွာခံတစ်ဦးက ပြောသည်။

“အလယ်လမ်းတည့်တည့် စုန်တိုက်သွားတာ။ အိမ်တွေ အကုန်ပါသွားတာ။ ပျဉ်ထောင်၊ သွပ်မိုးအိမ်ကြီးတွေ အကုန်လန်သွားတာ။ ဒနိမိုးအိမ်တွေလည်း လံတယ်။ လူတွေကတော့ ဘာမှ မဖြစ်ဘူး” ဟု ၎င်းက ပြောသည်။  

ပြည်နယ်မြို့တော် စစ်တွေတွင် နံနက် ၁၀ နာရီခန့်က လေပြင်းများ တိုက်ခတ်ကာ လမ်းဘေးသစ်ပင်များ ကျိုးကျခြင်း၊ နေအိမ်အမိုးလန်ခြင်းနှင့် တဲအိမ်များ ပြိုလဲပျက်စီးသည်အထိ မုန်တိုင်းပြင်းထန်လာသည်။

https://www.facebook.com/myanmarnownews/videos/934685001198574

ယနေ့မနက်ပိုင်းကတည်းက မုန်တိုင်းဗဟိုချက်ဖြစ်သည့် ရခိုင်ပြည်နယ် ကမ်းရိုးတမ်းဒေသများတွင်  မိုးရွာသွန်းကာ လေပြင်းများစတင်တိုက်ခိုက်လာကြောင်း စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ဂွနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း မုန်တိုင်းကြောင့် ပျက်စီးထိခိုက်မှုများစတင်ဖြစ်ပေါ်နေကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ယနေ့မနက်ပိုင်းတွင် ပြောသည်။

ဂွမြို့ပေါ်တွင် ဓာတ်အားပေးစက်တစ်လုံးနှင့် ဓာတ်တိုင်တစ်ခုပြိုလဲပျက်စီးသွားပြီး မြို့မြောက်ဘက်ရှိ ရွှေဦးကွင်းရွာတွင် သစ်ပင်များပြိုလဲမှုကြောင့် လူနေအိမ်များပါ ပျက်စီးမှုရှိကြောင်း ၎င်းက ပြောသည်။

ဂွမြို့မှ ၁၇ မိုင်ခန့်အကွာ ပင်လယ်ကမ်းစပ်အနီး ရွှေဦးကွင်းရွာတွင် ယမန်နေ့ညကတည်းက နှစ်မိနစ်ကြာ လေပြင်းတိုက်ခိုက်ခတ်ခဲ့ရာ လူနေအိမ် ၅၀ ကျော်ပျက်စီးကြောင်း ရွာခံတစ်ဦးက ပြောသည်။

“အလည်လမ်းတည့်တည့် စုန်တိုက်သွားတာ။ အိမ်တွေ အကုန်ပါသွားတာ။ ပျဉ်ထောင်၊ သွပ်မိုး အိမ်ကြီးတွေ အကုန်လံသွားတာ။ ဒနိမိုးအိမ်တွေလည်း လံတယ်။ လူတွေကတော့ ဘာမှ မဖြစ်ဘူး”ဟု ၎င်းက ပြောသည်။  

ပြည်နယ်မြို့တော် စစ်တွေတွင် နံနက် ၁၀ နာရီခန့်က လေပြင်းများတိုက်ခတ်ကာ လမ်းဘေးသစ်ပင်များ ကျိုးကျခြင်း၊ နေအိမ်အမိုးလန်ခြင်းနှင့် တဲအိမ်များပြိုလဲပျက်စီးသည်အထိ မုန်တိုင်းပြင်းထန်လာသည်။

ကြိုတင်ပြင်ဆင်မှု

မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံရနိုင်ခြေရှိသဖြင့် ရခိုင်ပြည်နယ်တွင် မုန်တိုင်းလွတ်မည်ဟုယူဆရသည့် မြို့ပေါ်၊ ကုန်မြင့်ပိုင်းရွာနှင့်၊ ဘုန်းကြီးကျောင်းမျာသို့ ဒေသခံများ ကြိုတင်ပြောင်းရွှေ့ခဲ့ကြသည်။ 

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်သည့် ဘူးသီးတောင်မြို့နယ်တွင် မြို့ပေါ်လူဦးရေ ၁၀၀၀ ဝန်းကျင်၊ ကျေးရွာပေါင်း ၂၀ ကျော်မှ တိမ်းရှောင်လာပြီး အကူအညီများပေးနိုင်ရန်အသင့်ပြင်ထားကြောင်း မြိုခံ လူမှုကူညီရေးအဖွဲ့တစ်ခုက ဆိုသည်။ 

မုန်တိုင်း အပြင်းအထန် ကျော်ဖြတ်မည်ဟု ခန့်မှန်းထားကြသည့် ရခိုင်ပြည်နယ်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့များ ကူညီကယ်ဆယ်ရေးလုပ်ငန်း နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြသော ဒေသဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် အနီးဝန်းကျင်မှ  လူဦးရေ ၄၀၀,၀၀၀ စာ စားနပ်ရိက္ခာအသင့်ရှိနေသည်ဟု ရန်ကုန် ကုလသမဂ္ဂရုံးက မေ ၁၃ တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း မုန်တိုင်းသင့်ဒေသခံများထံ “သွားရောက်ကူညီခွင့်” လိုအပ်ဦးမည် ဖြစ်သည်။

“အပြည့်အဝ သွားရောက်ကူညီခွင့်ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလော အကျိုးဆက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်တိုင်းဖြတ်ကျော်မည့်ဒေသသည် မုန်တိုင်းမဝင်မီကပင် လူဦးရေ ၆ သန်းခန့် လူသားချင်းစာနာထောက် ထားမှုအကူညီများလိုအပ်သည်ဟု ကုလသမဂ္ဂလူသားချင်းဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က ယနေ့တွင် ထုတ်ပြန် ထားသည်။ 

နိုင်ငံအနောက်ဘက်ပိုင်း ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့သည့် စစ်ဘေးဒဏ် အလူးအလဲခံနေရသလို သန်းနှင့်ချီသောစစ်ဘေးရှောင်များသည့် အမိုးအကာမရှိဘဲ နေထိုင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဘင်္ဂလားဒေ့နယ်စပ်ရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များလည်း မုန်းတိုင်းအန္တရာယ်ရှိနေသည်။ 

မုန်တိုင်းဒဏ်ခံရသည့် လူမှူအစိုင်းအဝိုင်းအတွက် အကူအညီပေးရန်အသင့်ရှိကြောင်း၊ မုန်တိုင်း ပြီးသည့်နှင့်တစ်ပြိုင်နက် အရေးပေါ်တုန့်ပြန်မှုအစီစဉ်များစတင်မည်ဖြစ်ကြောင်း UNOCHA က ဆိုသည်။ 

အဖွဲ့အစည်းများ၏  ပြင်ဆင်မှု

ပြင်းထန်သည့်မုန်တိုင်း မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသတချို့ကို ဦးတည်နေကြောင်း ရက်အတန်ကြာကပင် နိုင်ငံတကာ မိုးလေဝသ ဌာနများက ခန့်မှန်းတွက်ချက်ထားကြသည်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ရှိ   အရာရှိများက  မုန်တိုင်းလမ်းကြောင်းပေါ်မှ ပြည်သူများ ဘေးလွတ်မည့်နေရာများသို့ ပြောင်းရွှေ့မှုအကြောင်း ဆွေးနွေးကြသည်၊ ကွင်းဆင်းပြီး စစ်ဆေးကြသည်ဟု စစ်ကောင်စီ၏ မေ ၁၄ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) ကလည်း  မုန်တိုင်း အန္တရာယ်မှကင်းလွတ် ရေးအတွက်  ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်နေရာ မေ ၉ မှ ၁၃ အတွင်း  ရခိုင်ပြည်နယ် ရှိ လူပေါင်းတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု  ပြောသည်။

ကနီတွင် စစ်ကြောင်းထိုးလာ၍ မိုးထဲလေထဲ ဒေသခံများ စစ်ရှောင်ရ

အင်အားပြင်း မိုခါမုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် နှစ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းနေရာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသော ဒေသခံများကို ယနေ့ မေ ၁၄ တွင် တွေ့မြင်ရခြင်း ဖြစ်သည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာများဖြစ်သည့် အနည်းဆုံးကျေးရွာ ၁၁ ရွာခန့်မှ လူဦးရေ ၁၃၀၀၀ ကျော်သည် မေ ၁၂ ရက် ညနေမှစ၍ ဆိုင်ကယ်၊ လှည်း၊ ကားများဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြပြီး မိုးထဲရေထဲတွင် အခက်အခဲများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မေ ၁၂ ရက်တွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီတပ်က ယင်းမာပင်မြို့နယ်မှတစ်ဆင့် ကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ဖြစ်သည်။

ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်သို့ နာရီပိုင်းအတွင်း ဝင်ရောက်လာသည့် ဆိုင်ကလုန်းမိုခါ၏ လေတိုက်နှုန်းသည် တစ်နာရီမိုင် ၁၆၀ နှုန်းရှိနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးစောင့်ကြည့်မှုအဖွဲ့ (GDACS) ၏ ထပ်တိုးခန့်မှန်းချက်ကို ယနေ့ နံနက်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ပေးပို့

ချဉ်းကပ်လာနေသော မိုခါမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်တွင် မိုးကြီးလေကြီးများ ကျရောက်နေပြီး ပြည်နယ်တောင်ပိုင်း ဂွမြို.နယ်တွင် အိမ်ခြေအချို့ ပျက်စီးခြင်း၊ လျှပ်စစ်ဓာတ်အားတိုင်များ ပြိုလဲခြင်းတို့ ယနေ့မနက်ကတည်းက ဖြစ်ပေါ်နေသည်။ 

ဧရာဝတီတိုင်းတွင် လေပြင်းများ တိုက်ခတ်နေသော်လည်း ထူးထူးခြားခြား ပျက်စီးမှုများ မဖြစ်ပေါ်သေးကြောင်း သိရှိရသည်။

ယနေ့ မေ ၁၄ ရက် မွန်းတည့်ချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကြားမှ မုန်တိုင်းသည် ဖြတ်သန်းဝင်ရောက်မည်ဟု မိုးလေဝသစောင့်ကြည့်ရေးဌာနများက ထုတ်ပြန်ထားပြီး၊ မုန်တိုင်းရှောင်သူအရေအတွက်မှာ မြန်မာနိုင်ငံတွင် လူဦးရေသောင်းချီကြောင်း ၎င်းတို့အတွက် လိုအပ်သော စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် သောက်သုံးရေများကို စစ်ကောင်စီက ကောင်းမွန်စွာ ထောက်ပံ့ပေးမှုမရှိကြောင်း သိရှိရသည်။

မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ

မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ

မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ

ရခိုင်ပြည်နယ် ဂွမြို့နယ် ရွှေဦးကွင်းကျေးရွာတွင် ယနေ့ နံနက် ၆ နာရီခန့်ကတည်းက တိုက်ခိုက်နေသည့် မုန်တိုင်းကြောင့် ပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်နေသည်။ ဂွမြို့ပေါ်တွင် ဓာတ်အားပေးစက်တစ်လုံးနှင့် ဓာတ်တိုင်တစ်တိုင် ပြိုလဲသွားကြောင်း၊ ဂွမြို့မြောက်ဘက်ရှိ ရွှေဦးကွင်းရွာတွင်မူ သစ်ပင်များ ပြိုလဲမှုကြောင့် လူနေအိမ်များပါ ပျက်စီးနေကြောင်း သိရသည်။

အလွန့်အလွန်အားကောင်းပြီး တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့် တိုက်ခတ်မည့် မိုခါမုန်တိုင်းသည် နောက် ၂ နာရီအတွင်း ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ဦးတည်ဝင်ရောက်လာနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

မုန်တိုင်းသည် ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၃၀ တွင် စစ်တွေမြို့သို့ ဝင်ရောက်တိုက်ခတ်နိုင်ပြီး ထိုမှတစ်ဆင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီနှင့် ချင်းပြည်နယ်သို့ ရောက်ရှိကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀) မှ မိုင်(၉၀) ခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆) ပေမှ ပေ(၂၀) ခန့်အထိ မြင့်တက်လာနိုင်သည်ဟုလည်း မိုးဇလက ခန့်မှန်းသည်။

မုန်တိုင်းကြောင့် လေကြောင်းပျံသန်းမှုအားလုံး ပိတ်ပင်ထားပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ (လုံးဝ) မထွက်ရန် မိုးဇလက တိုက်တွန်းထားသည်။

ထို့ပြင် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟုလည်း သတိပေးထားသည်။

မြန်မာစံတော်ချိန် နံနက် ၆ နာရီ

ချဉ်းကပ်လာနေသော မိုခါမုန်တိုင်းအရှိန်ကြောင့် စစ်တွေနှင့် သံတွဲမြို့တို့အပါအဝင် ရခိုင်ပြည်နယ်ကမ်းရိုးတမ်းရှိ မြို့များတွင် ယမန်နေ့ညကတည်းက လေပြင်းများတိုက်ခတ်နေပြီး၊ မိုးများသည်းထန်စွာ ယခုအချိန်ထိ ရွာသွန်းနေသည်။

မေ ၁၄ ရက် မွန်းတည့်ချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကြားမှ မုန်တိုင်းသည် ဖြတ်သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး၊ မုန်တိုင်းကြောင့် လေပြင်းများ တစ်နာရီလျှင် မိုင် ၁၄၀ ကျော် တိုက်ခတ်မည်ဖြစ်ကြောင်းလည်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးစောင့်ကြည့်မှုအဖွဲ့ (GDAC) က နောက်ဆုံးထုတ်ပြန်ထားသည်။

စစ်တွေမြို့မှ ဒေသခံ ၁၀၀၀ နီးပါးသည် ယမန်နေ့က မြောက်ဦးနှင့် အခြားရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းမြို့များသို့ ရွှေ့ပြောင်းခဲ့ကြသည်။

မိုခါမုန်တိုင်းအရှိန် ဝင်ရောက်လာသော ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ယနေ့ နံနက် ၈ နာရီခွဲခန့်က လူအနည်းငယ် ဈေးဝယ်ထွက်ခြင်းများ ပြုလုပ်ခဲ့ပြီး ပျံကျဈေးသည်တချို့ ရောင်းချနေကြသည်ကို တွေ့ရသည်။

ရပ်ကွက်ဈေးတွင် ကြက်ဥတစ်လုံး ၅၀၀ ကျပ်၊ ကန်စွန်းရွက်တစ်ထောင်ဖိုး ၃ စည်း စသည်ဖြင့် ရောင်းချနေကြကြောင်း သိရသည်။

Show More

Related Articles

Back to top button