ရုပ်သံ

စစ်တပ်ရန်ကြောင့် တောထဲပုန်းအောင်းနေရသည့် ခင်ဦးဒေသခံများ

စစ်တပ်ရန်ကြောင့် ဒေသခံ ၃၀၀၀ကျော် ထွက်ပြေးနေကြရသည်။ စစ်ကြောင်းများ ရှိသေးသဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ မီးလောင်နေသည့် မြင်ကွင်းကို အဝေးကနေသာ ဒေသခံများ ငေးကြည့်နေကြရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသူများထဲ သက်ကြီးရွယ်အိုများ ပါဝင်သလို သွေးနုသားနုဖြင့် သားသည်မိခင်များ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ်များလည်း ပါဝင်သည်။ ယခုအခြေအနေသည် ငယ်စဉ်က ကြုံတွေ့ခဲ့ရသည့် ဂျပန်ခေတ်ကထက် ဆိုးရွားသည်ဟု စစ်ဘေးရှောင်နေရသည့် အသက် ၈၅နှစ်ကျော် အဖွားအိုက ပြောကြားသည်။

Related Articles

Back to top button