
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၊ Quarantine (အသားအလာကန့်သတ်) စင်တာအတွင်း သီးခြားထားသည့် အမျိုးသမီးအဆောင်သို့ ကူးသွားသည်ဟုဆိုသည့် အမျိုးသားတစ်ဦးနှင့် ၎င်းကိုလက်ခံတွေ့ဆုံသည့် အမျိုးသမီးတို့ကို အမှုဖွင့်ထားသည်ဟု သိရသည်။
ထို့ပြင်ကွမ်းယာနှင့်ဆေးလိပ်များကို စင်တာအတွင်း ကူးလူးရောင်းချသည့် အမျိုးသမီးတစ်ဦးကိုပါ ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် တာဝန်ခံဆရာဝန်က တရားလိုလုပ်ပြီး အမှုဖွင့်ထားသည်။
သတင်းနှင့်ရိုက်ကူး − မင်းမင်း/Myanmar Now
[youtube https://youtu.be/728tvlhkWZo]