အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပိုးသတ်ဆေးကုမ္ပဏီကား ရခိုင် မင်းပြားတွင် ပစ်ခတ်ခံရ၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ စစ်တွေမြို့သို့သွားသည့် ပိုးသတ်ဆေးကုမ္ပဏီမှ ကားတစ်စီးကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က မင်းပြားမြို့နယ်တွင် ယမန်နေ့ (ဧပြီ ၂၁) က လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ယာဉ်မောင်းတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်ဟု တပ်မတော်က ထုတ်ပြန်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ယာဉ်မောင်း သေနတ်ကျည်ထိမှန်သေဆုံးခဲ့သည့်ဖြစ်စဉ်ပြီး နောက်တစ်ရက်မှာပင် ယခုဖြစ်စဉ်ထပ်မံဖြစ်ပွားခဲ့ရာ မပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်၌ နှစ်ရက်အတွင်း ဖြစ်စဉ်ဆင်တူနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (ဧပြီ ၂၁) နေ့လယ် ၁ နာရီခန့်က မင်းပြားမြို့နယ် ဖားပြိုကျေးရွာ၏ တောင်ဘက်တွင် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဆေးပစ္စည်းများတင်ဆောင်လာသည့် ဟိုက်ဂျက်ကားကို AA က လက်နက်ငယ်များနှင့် ပစ်ခတ်သည့်အတွက် ယာဉ်မောင်း ဦးနွယ်နွယ်မောင်မှာ နဖူးတွင်လက်နက်ငယ်ကျည် ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယာဉ်နောက်လိုက် မောင်ဟိန်းထက်ဦးမှာ ဝမ်းဗိုက်တွင် လက်နက်ငယ်ကျည်ထိမှန်သည့် ဒဏ်ရာများရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ (ဧပြီ ၂၁) နေ့လယ် ၁ နာရီခန့်က မင်းပြားမြို့နယ် ဖားပြိုကျေးရွာ၏ တောင်ဘက်တွင် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဆေးပစ္စည်းများတင်ဆောင်လာသည့် ဟိုက်ဂျက်ကားကို AA က လက်နက်ငယ်များနှင့် ပစ်ခတ်သည့်အတွက် ယာဉ်မောင်း ဦးနွယ်နွယ်မောင်မှာ နဖူးတွင်လက်နက်ငယ်ကျည် ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယာဉ်နောက်လိုက် မောင်ဟိန်းထက်ဦးမှာ ဝမ်းဗိုက်တွင် လက်နက်ငယ်ကျည်ထိမှန်သည့် ဒဏ်ရာများရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် မော်တော်ယာဉ်မှာ လမ်းဘေးသစ်ပင်ကိုတိုက်မိပြီး တိမ်းမှောက်သွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒဏ်ရာရသူ မောင်ဟိန်းထက်ဦးကို မင်းပြားဆေးရုံသို့ ပို့ဆောင်ပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်ကို မေးမြန်းရာတွင် ပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသည့် ဖြစ်စဉ်ကို သိသော်လည်း အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်းပြောသည်။

ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးတွင် ဒေသခံများ မရှိတော့သည့်အတွက် မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်သည်ကိုလည်း မသိနိုင်ကြောင်းပြောသည်။

“အဲဒီနားက ဖားပြိုရွာဆိုတာက တိုက်ပွဲတွေကြောင့် လူတွေထွက်ပြေးကြတာ အဲဒီနားမှာ တစ်ယောက်မှမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒဏ်ရာရသူတစ်ယောက်ကို မင်းပြားဆေးရုံမှတဆင့် စစ်တွေသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားသည်ဟုလည်း သိရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို မတ် ၂၃ ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက ကြေညာခဲ့သည့်အတွက် တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး AA ကို Myanmar Now က သီးခြားဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ဧပြီ ၂၀ ရက်က စစ်တွေမှ ရန်ကုန်သို့ ကိုဗစ်နိုင်တင်း (Covid 19) သံသယဖြင့် စောင့်ကြည့်ခံနေရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများကို ရန်ကုန်ဓာတ်ခွဲခန်းသို့ပို့ရန် မောင်းနှင့်လာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ပိုင် မော်တော်ယာဉ်မှာ မင်းပြားမြို့နယ် မင်းရွာအနီးပစ်ခတ်ခံရသည့်အတွက် ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ လုပ်ရပ်ဖြစ်ကြောင်း တပ်တော်က စွပ်စွဲခဲ့သော်လည်း “အဆိုပါကိစ္စမှာ မိမိတို့အဖွဲ့အစည်း နှင့် ‘လုံးဝ’ သက်ဆိုင်ခြင်းမရှိ” ဟု ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ယမန်နေ့ (ဧပြီ ၂၁) က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles