သတင်း

ရခိုင်တွင် သင်္ကြန်ကာလ ပစ်ခတ်မှုများအတွင်း အရပ်သား ၁၃ ဦးသေ ၂၈ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၇

တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၌ ပစ်ခတ်မှုများနှင့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများကြောင့် သင်္ကြန်ကာလ ရက်အတွင်း အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရခိုင်လွှတ်တော်အမတ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

သင်္ကြန်ကာလ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် မြို့နယ်များမှာ အမ်း၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များဖြစ်သည်။

အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာတွင် ဧပြီ ၁၂ ရက် ညဉ့်ဦးပိုင်း နာရီခွဲခန့်က ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ် မောင်စိုးစိုး () မောင်စိုးငယ်မှာ နေရာတွင်ပင်သေဆုံးသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

ထို့အပြင် နေအိမ်အနီးတွင်ရှိနေသည့် ဒဏ်ရာရသူ အသက် ၅၂ နှစ်အရွယ် ဦးသန်းအောင်၊ အသက် ၄၂ နှစ်အရွယ် ဒေါ်တင်မာဝင်းနှင့် အသက် ၁၁ နှစ်အရွယ် မောင်မြင့်မြတ်တို့ ဦးမှာ လက်နက်ကြီးကျည်စများထိမှန်ပြီး ဒဏ်ရာရသွားသည်ဟု သူက ဆိုသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာအတွင်းသို့ ဧပြီ ၁၃ ရက် နံနက် နာရီခန့်က လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က Myanmar Now ကိုပြောသည်။

ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် မိုင်ခန့်အကွာ ရန်ကုန်စစ်တွေကားလမ်းပေါ်တွင်ရှိသည့် အဆိုပါရွာ၏ အနီးအနားကို ယခင်ရက်များကလည်း လက်နက်ကြီးများ မကြာခဏကျရောက်လေ့ရှိသော်လည်း ထိခိုက်သေဆုံးမှုများမရှိခဲ့ကြောင်း ရွာခံ မယုလှိုင်မေ က ပြောသည်။

အဲဒီနေ့က ထမင်းချက်နေတုန်း လက်နက်ကြီးသံတွေကြားရတာပဲ၊ ကြောက်လို့ အိမ်ထဲဝပ်နေရတယ်” ဟု မယုလှိုင်မေက ပြောသည်။

သေဆုံးသူများမှာ မောင်ညီထွန်း ၂၄ နှစ်၊ မောင်မောင်ချေ ၂၁ နှစ်၊ သားလှ ၁၇ နှစ်၊ မောင်ဌေးဝင်း ၁၅ နှစ်၊ မောင်နိုင်ဆန်း ၁၅ နှစ်၊ မသန်းသန်းစိုး()မချေ ၂၄ နှစ်၊ မောင်ထက်မြတ်ဦး ၁၃ နှစ်နှင့် မောင်ကျော်ဆန်း ၁၈ နှစ်တို့ဖြစ်သည်ဟု ရွာသားများက အတည်ပြုသည်။

လက်နက်ကြီးကျသည့်ဖြစ်စဉ်တွင် ဦးမှာ နေရာတွင်ပင် သေဆုံးသွားပြီး ကျန် ဦးအနက် ဦးမှာ ပုဏ္ဏားကျွန်းဆေးရုံတွင်သေဆုံးပြီး နောက် ဦးမှာတော့ စစ်တွေဆေးရုံသို့ သွားရောက်စဉ်သေဆုံးသွားခဲ့သည်။

သေဆုံးနေသည့် လူသေအလောင်းများကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များမှာ ယင်းရက်ပိုင်းက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေခဲ့သည်ကို တွေ့ရသည်။

သင်္ကြန်နောက်ဆုံးရက်ဖြစ်သည့် ဧပြီ ၁၆ က ကျောက်တော်မြို့နယ်အတွင်း လက်နက်ကြီးကျရောက်မှုနှင့် ပစ်ခတ်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ဒေသခံ မွတ်စလင်များအပါအဝင် ၁၂ ဦးဒဏ်ရာရသွားသည်ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

ဧပြီ ၁၆ ရက် ညနေ နာရီခွဲခန့်က ကျောက်တော်မြို့နယ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်မှုကြောင့် အရပ်သား ဦးဒဏ်ရာရခဲ့ပြီး ဦးခေါင်းတွင်လက်နက်ကြီးကျည်စ ထိမှန်ခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် ကိုနေတိုးထွန်းကတော့ ဒဏ်ရာပြင်းထန်သည့်အတွက် ဧပြီ ၁၇ နံနက်က ကျောက်တော်ဆေးရုံတွင် သေဆုံးသွားသည်ဟု သိရသည်။

ဒဏ်ရာရသူများမှာ အသက် ၆၀ အရွယ် ဦးလှကျော်ထွန်း၊ အသက် ၅၀ အရွယ် ဒေါ်တင်ရီ၊ အသက် ၁၉ နှစ်အရွယ် မောင်ဇင်ကိုလွင် နှင့် အသက် ၁၁ နှစ်အရွယ် မချေ အသက် ၅၀ အရွယ် ဦးမောင်ကြီး()ဦးလှထွန်းတို့နှင့် ပိုက်သည် (မွတ်စလင်) ရွာမှ ရွာသား ၇ ဦးတို့ဖြစ်သည်။

ဧပြီ ၁၆ ရက်တိုက်ပွဲတွင် ကျောက်တော်မြို့ ပိုက်သည် (မွတ်စလင်) ရွာအတွင်းသို့ လက်နက်ငယ်များ ကျရောက်ခဲ့မှုကြောင့် မွတ်စလင် ဦး ဒဏ်ရာရသွားပြီး ကျောက်တော်ဆေးရုံနှင့် အပေါက်ဝဆေးရုံများသို့ ပို့ဆောင်ထားကာ ၎င်းတို့၏နာမည်များနှင့် အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းနေသည်ဟု REC မှ ကိုဇော်ဇော်ထွန်းက ပြောသည်။

REC ၏အချက်အလက်များအရ နောက်ထပ် သေဆုံးသူ သုံးဦးမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၃၂ နှစ်အရွယ် ကိုဘိုနိုင်ဝင်း၊ အသက် ၄၁ နှစ်အရွယ် ကိုကျော်ကျော်နိုင်နှင့် သဲပုံရွာမှ အသက် ၁၉ နှစ်အရွယ် ကိုမြတ်သူမောင်တို့ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့သုံးဦးမှာ သားသတ်လိုင်စင်ရရှိထားပြီး ကျောက်တော်မြို့တစ်ဖက်ကမ်း ညောင်ပင်လှရွာသို့ သွားရောက်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

ပစ်ခတ်ခံရသူ သုံးဦး၏အလောင်းများကို ဧပြီ ၁၇ ညနေ နာရီခွဲခန့်က ကစ္ဆပနဒီတံတား၏တောင်ဘက် မိုင်ခန့်အကွာရှိ သဝင်ကိုင်းနှင့် ကြာညိုပြင်ရွာတို့ အနီးတွင်တွေ့ရှိခဲ့ပြီး ဧပြီ ၁၈ တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

ဧပြီ ၁၆ က ကျောက်တော်မြို့ ကစ္ဆပနဒီတံတားပေါ်တွင် သွားနေသည့် ဒေသခံသုံးဦးသည်လည်း သေနတ်နှင့် ပစ်ခတ်ခံခဲ့ရပြီး အလောင်းများကို မြစ်အတွင်းသို့ ပစ်ချခဲ့သည်ဟု ကြားသိခဲ့ရသော်လည်း အတည်မပြုနိုင်သေးကြောင်း ပြည်နယ်လွှတ်တော်အမတ် ဦးမောင်လှကျော်က ပြောသည်။

ပစ်ခတ်မှု၊ လက်နက်ကြီးကျရောက်မှုဖြစ်စဉ်များအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို Myanmar Nowမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

သို့သော် ဧပြီ ၁၆ က ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည့်အတွက် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရကြောင်း တပ်မတော်က ဧပြီ ၁၇ ရက်က ထုတ်ပြန်ထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက မတ် ၁၃ က တရားဝင် ကြေညာခဲ့သည့်အတွက် Myanmar Now အနေဖြင့် သီးခြား ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် ဧပြီ ရက်ကလည် ကျောက်တော်မြို့တွင်း ပစ်ခတ်မှုများကြောင့် ပိုက်သည်ရပ်ကွက်မှ ဒေသခံ နှစ်ဦးနှင့် ကျောက်တော်မြို့ တစ်ဖက်ကမ်းရှိ ပိန်းနဲချောင်းရွာမှလည်း အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် နန်းချောင်းဝရွာတွင် ရဟတ်ယာဉ်နှင့် ပစ်ခတ်မှုကြောင့် ရွာသား ဦးသေဆုံး ဦးဒဏ်ရာရခဲ့သည်။

ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ မတ် ၂၃ ရက်မှစ၍ ရခိုင်တိုက်ပွဲများကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ အရပ်သား ၄၂ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။

Show More

Related Articles

Back to top button