ကျန်းမာရေးဝန်ထမ်းများသည် လက်ရှိအချိန်တွင် ‘ရှေ့တန်းခံတပ်’ များဖြစ်သဖြင့် ၎င်းတို့ကို ‘အားလျော့အောင်၊ သွေးပျက်အောင်’ မလုပ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက မေတ္တာရပ်ခံလိုက်သည်။
ဒေါက်တာခင်ခင်ကြီး၏ ပြောကြားချက်အရ လက်ရှိတွင် အနည်းဆုံး ကျန်းမာရေးဝန်ထမ်း ၂၅ဦးကိုသာ စောင့်ကြည့်၊ ကန့်သတ်မှု လုပ်ထားရပြီး ထိုသူများသည် Covid-19(ကိုဗစ်နိုင်တင်း)အတည်ပြုလူနာ နံပါတ် ၁၆ကြောင့်မဟုတ်ဟု ဆိုသည်။
မေးမြန်း/ရိုက်ကူး − မင်းမင်း/Myanmar Now
[youtube https://youtu.be/JQALMerlEWQ]