အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့သည့်ဆုအား ပြန်လည်ရုပ်သိမ်း

ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ၄င်းတို့အဖွဲ့၏ အဆင့်အမြင့်ဆုံး ဆုဖြစ်သည့် ဂုဏ်ထူးဆောင်သံတမန်ဆုကို ပြန်လည်ရုပ်သိမ်းကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AMNESTY INTERNATIONAL) က ယမန်နေ့က ကြေညာလိုက်သည်။

မြန်မာဘက်က ဘင်္ဂါလီဟု ခေါ်ပြီး နိုင်ငံတကာနှင့် ၄င်းတို့ကိုယ်၄င်းတို့ ရိုဟင်ဂျာဟု ခေါ်ကြသည့် ရခိုင်မြောက်ပိုင်းမှ အရပ်သားများအပေါ် စစ်တပ်၏ရက်စက်မှုများကို ဒေါ်အောင်ဆန်းစု ကြည်နှင့် မြန်မာအစိုးရက ထုတ်ဖော်ကန့်ကွက်ရန် ပျက်ကွက်ခဲ့သည်ဟုလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို ကာကွယ်ရန်လည်း ပျက်ကွက်ခဲ့သည် ဟု စွပ်စွဲခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်က အဆိုပါဆုကို ၂၀၀၉ တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် သူမကိုယ်တိုင် လက်ခံရယူခဲ့သော ဆုဖြစ်သည်။

ထိုစဉ်က ဆုပေးရခြင်းကလည်း မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာတစ်ဝန်းရှိ လူသားများအတွက် မျှော်လင့်ချက်၊ သတ္တိနှင့် လူ့အခွင့်အရေးများကို မဆုတ်မနစ် ကာကွယ်ပေးသူတစ်ဦး၏ သင်္ကေတအဖြစ် ရပ်တည်ခဲ့သောကြောင့် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

“မိမိတို့အနေဖြင့်မူ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပြည်သားများ၏ အခွင့်အရေးများကို လွတ်လပ်စွာ၊ သိက္ခာရှိစွာနှင့်အညီ ညီညွတ်မျှတစွာ ကျင့်သုံးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တည်ကြည်စွာ ကတိပြုပါသည်” ဟု အဆိုပါအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ မစ္စတာ ကူးမိနိုင်ဒူးက ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့ခဲ့သည့် ပေးပို့စာတွင် ပြောကြားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button