မြန်မာပြည် အလယ်ပိုင်းမှာတော့ မြန်မာမင်းဆက်ရဲ့ နောက်ဆုံး မင်းနေပြည်တော် တည်ရှိရာ မန္တလေးမြို့တော်နဲ့ နီးကပ်လာတဲ့အထိ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေ စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ မန္တလေးမြို့ အနီးက နွားထိုးကြီး၊ မြင်းခြံ ၊မတ္တရာ ဒေသတွေမှာ ပြည်သူတော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြောက်ကျား တိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းစစ်တပ်ဟာ တစ်နေ့တခြား ပိုမို အထိနာနေလို့သာ နေပါတယ်။
မန္တလေးမြို့ အနီးမှာ ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရသလို ရှမ်းပြည်နယ်နဲ့ မန္တလေး နယ်စပ်ကြားက တိုက်ပွဲတွေမှာလည်း အာဏာသိမ်း စစ်တပ်ဟာ အထိနာနေပါတယ်။ ရှမ်းပြည်နယ်နဲ့ မန္တလေးနယ်စပ်၊ နောင်ချိုမြို့အနီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်တပ်က တပ်ရင်းမှုး၊ တပ်ခွဲမှုးတွေ အပါအဝင် ရန်သူ့တပ်သား ၁၀၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး မန္တလေး PDF စစ်ဦးစီးအဖွဲ့ဝင် ကိုမုန်တိုင်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။