အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်မှ ပြန်လာသည့် မြန်မာနိုင်ငံသား လားရှိုးဆေးရုံတွင် အမောဖောက်သေဆုံး

တရုတ်နိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦး လားရှိုးအဝင်တွင် အသက်ရှူကျပ်ကာ သေဆုံးသွားသဖြင့် ကိုရိုနာရောဂါဖြင့် သေဆုံးခြင်းဟုတ်မဟုတ် ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းသို့ ယနေ့ ပေးပို့စမ်းသပ်ထားကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ပြောသည်။

မတ် ၅ ညနေပိုင်းက မူဆယ်မှ ရန်ကုန်မြို့သို့ လာသည့်(ရွှေမန္တလာ) မူဆယ်-ရန်ကုန် အဝေးပြေးခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးမှာ မူးဝေအော့အန်ကာ အသက်ရှူကျပ်လာသဖြင့် လားရှိုးမြို့ရှောင်လမ်းရှိ တိုးဂိတ်အရောက်တွင် ရပ်နားခဲ့ရသည်။

အသက်ရှူမဝသဖြင့် နီးစပ်ရာ ဆေးရုံဆေးခန်းပို့ပေးရန် ထိုအမျိုးသားက တောင်းဆိုခဲ့သဖြင့် ည ၉ နာရီခန့်တွင် လားရှိုးမြို့အခြေစိုက် ‘ပေးသောလက်’ လူမှုကယ်ဆယ်ရေးအဖွဲ့က လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်မော်က အတည်ပြုပြောဆိုသည်။

“ဆေးရုံခန်းထဲမှာကျတော့ အောက်ဆီဂျင်မပေးဘူးဗျ။ ဆရာဝန်တွေနဲ့ မှုခင်းရဲတွေနဲ့ စစ်တာဗျ။ အောက်ဆီဂျင်ကဖြုတ်တော့ သူ တအားမောနေတော့ မဖြေနိုင်ဘူးဗျ၊ သီးသန့်ခန်းထဲ သွားထားမယ်ဆိုပြီး သွားထားပြီး ဆရာဝန်ကြီးတွေ ပါရဂူကြီးတွေကိုယ်တိုင် လုပ်နေရင်းနဲ့ပဲ ဆုံးသွားတာပဲခင်ဗျ” ဟု အဆိုပါလူနာကို ဆေးရုံပို့ဆောင်ခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင် ကိုသန်းထွန်းအောင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေဆုံးသွားသူမှာ ရခိုင်ပြည်နယ်တောင်ပိုင်း စစ်တွေမြို့နယ်ဇာတိဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ကျန်းမြို၊ ဝမ်ချီကျေးရွာရှိ ကြက်သားထုတ်လုပ်သည့် အသားစက်ရုံတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ သွားရောက်လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က Myanmar Now ကို ပြောသည်။

“ဓာတ်မှန်အဖြေအရရော သွေးအဖြေအရရော သူ့မှာ နှလုံးကြီးနေတာ သွားတွေ့တယ်။ သူ့မှာ အဆုတ်တစ်ခုလုံးမှာ တီဘီလို့ သတ်မှတ်လို့ရနိုင်တဲ့ အပြောက်အစက်တွေ သွားတွေ့တယ်။ သွေးအဖြေမှာလည်း သူ့မှာ နာတာရှည်ကျောက်ကပ် ပျက်စီးနေတာ တွေ့ရတယ်။ နောက် အသည်းရောင်နေတာလည်း သွားတွေ့ရတယ်” ဟု ၎င်းက ဖုန်းဖြင့်ပြောသည်။

အောက်ဆီဂျင်ပြတ်၍ သေဆုံးခြင်းဖြစ်နိုင်သော်လည်း ဆေးပညာအရဆိုလျှင် အဆုတ်ကြောင့် အသက်ရှူမဝဖြစ်ပြီး သေဆုံးခြင်းဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါ အမျိုးသားမှာ လွန်ခဲ့သည့် လေးရက်ခန့်က နေမကောင်းဖြစ်သဖြင့် အနီးရှိ တရုတ်ဆေးခန်းသို့ သွားပြခဲ့ကြောင်း၊ ဆရာဝန်က မြန်မာနိုင်ငံသို့ပြန်ကာ ဆေးကုသမှုခံယူခိုင်းခဲ့သည်ဟု သေဆုံးသူမိသားစုဝင်များထံမှ သိရကြောင်း ၎င်းကဆိုသည်။

“တရုတ်ဆေးခန်းက စစ်စရာရှိတာ စစ်ပြီး မင်းတို့တွေက ဒီမှာဖြစ်တဲ့ ရောဂါမျိုးဖြစ်တာမဟုတ်ဘူး။ ဒီမှာဆေးရုံတက်ဖို့လည်း မင်းကမတတ်နိုင်တော့ မင်းတို့နိုင်ငံကို ပြန်ဆိုလို့ ပြန်လာတာလို့ ပြောတယ်” ဟု ဒေါက်တာတင်မောင်ညွန့်က Myanmar Now ကို ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ နှာခေါင်း၊ အာခေါင်တို့မှ တို့ဖတ်နမူနာယူထားပြီး ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) သို့ ပေးပို့ထားပြီး အဖြေထွက်ပါက ကိုဗစ်နိုင်တင်းဟုတ်မဟုတ် တရားဝင်ကြေညာပေးသွားမည်ဟု ၎င်းကဆိုသည်။

ကားပေါ်တွင် သေဆုံးသူနှင့်အတူ လိုက်ပါလာသည့် ခရီးသည် ၂၈ ယောက်ကိုလည်း ကျန်းမာရေးစိစစ်မှု ပြုလုပ်ပြီး ဆေးမှတ်တမ်းများ၊ နေရပ်လိပ်စာတို့ကို ရယူထားကာ ရန်ကုန်သို့ ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သူက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button