ရုပ်သံ

ပဇီကြီးရွာမှ ကျန်ရစ်သူမိခင်တစ်ဦး၏ သောက

“အမေ့ရည်မှန်းချက်တွေ ပျက်ပါပြီ သားတို့ရယ်” ဧပြီ ၁၁ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက် ၂၂နှစ်အရွယ် အကြီးဆုံးသား၊ အသက် ၂၀အရွယ် ဒုတိယမြောက်သားနှင့် အသက် ၁၃နှစ်အရွယ် အငယ်ဆုံးသမီးလေးကို ဆုံးရှုံးလိုက်ရသည့် မိခင်ဖြစ်သူသည် စစ်ကောင်စီရန်ကြောင့် တပတ်ကျော်ကြာအထိ တောတောင်ထဲတွင် တိမ်းရှောင်နေရဆဲ ဖြစ်သည်။ သေဆုံးသွားသည့် သားနှစ်ဦးသည် ဆယ်တန်းအောင်ထားပြီးသူများ ဖြစ်ကြသည်။ သား၊ သမီး အားလုံးကို ဘွဲ့ဝတ်စုံဖြင့် မြင်လိုသည့် အသက် ၄၅နှစ်အရွယ် မိခင်၏ ဆန္ဒသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြယ်လွှင့်ခဲ့ရသည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူ ၁၆၈ဦး သေဆုံးကြောင်း ၎င်းတို့၏ နာမည်၊ အသက်များနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button