အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူကယ်ပြန်ဝန်ကြီး စီးနင်းလာသည့် ရဟတ်ယာဉ် ဘူးသီးတောင်တွင် ပစ်ခတ်ခံရ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ်သည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် သေနတ်ဖြင့် အပစ်ခံရသည်ဟု အဆိုပါဝန်ကြီးရုံး၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းက Myanmar Now ကို အတည်ပြုပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း ဒေါက်တာဝင်းမြတ်အေးသည် ညနေ ၄ နာရီလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြောင်း ဦးနေဝင်းက ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်က လက်နက်ကြီးကျ၍ ဒဏ်ရာရရှိခဲ့သည့် ဘူးသီးတောင်မြို့နယ်ရှိ ခမွိချောင်းရွာနေ ကလေးများထံ ဒေါက်တာဝင်းမြတ်အေး သွားရောက်ပြီးအပြန် ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲ ဝန်းကျင်တွင် ၎င်းလိုက်ပါလာသည့် ရဟတ်ယာဉ်ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ဝန်ကြီးချုပ်လည်းပါတယ်။ ရဟတ်ယာဉ်လည်း ရှေ့တစ်ချက်၊ နောက်တစ်ချက်လောက် ထိသွားတယ်။ (လူ) ဒဏ်ရာရတာတော့ မရှိပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်း လက်ခံဖြေဆိုခြင်းမရှိသေးပါ။

ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကိုလည်း Myanmar Now က ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) ညနေ ၅ နာရီ ၄၀ မိနစ်တွင် WhatsApp မှတစ်ဆင့် စာပေးပို့မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုခြင်း မရှိသေးပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button