အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော် ထုတ်ပြန်သည့် လက်နက်ချ KIA အဖွဲ့ဝင်ဆိုသူများ ၎င်းတို့လူမဟုတ်ဟု KIA ဆို

ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဗိုလ်အဆင့်အပါအဝင် အဖွဲ့ဝင် ၂၁ ဦးသည် ယမန်နေ့ (ဇန်နဝါရီ ၃၀) က မုံးကိုးမြို့နယ်ရှိ တပ်မတော်စခန်းတစ်ခု၌ လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်ကို KIA က ယနေ့(ဇန်နဝါရီ ၃၁) ပယ်ချလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုပ်မြန်မာနယ်စပ်၊ မုံးကိုးမြို့နယ်ရှိ တပ်မတော်စခန်းတစ်ခုသို့ KIA မှ ဗိုလ်အဆင့်ရှိသူ သုံးယောက်အပါအဝင် အဖွဲ့ဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁၀ လက်၊ ကျည်ဆန်များနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်မှာ မှားယွင်းနေပြီး လက်နက်ချသည့် လက်နက်ကိုင်များမှာ ၎င်းတို့တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ပြည်သူ့စစ်အဖွဲ့တစ်ခုသာ ဖြစ်သည်ဟု KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကိုပြောသည်။

“တပ်မတော်က သတင်းမှန်ထုတ်ပြန်ရေးဆိုပြီးမှ အခုလိုသတင်းတွေထုတ်နေတာကတော့ ကျွန်တော်တို့ငြိမ်းချမ်းရေးအတွက်လည်း အကျိုးမရှိပါဘူး၊ ပြည်သူလူထုအတွက်လည်း အကျိုးမရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါပြည်သူ့စစ်အဖွဲ့ကို ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးဒွဲလာဆိုသူက ဦးဆောင်ထားပြီး အင်အား ဆယ်ဂဏန်းခန့်သာရှိသည့် အဖွဲ့ငယ်လေးတစ်ခုသာဖြစ်ကာ KIA စစ်ထွက်များ၊ ရှမ်းတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

ဦးဒွဲလာမှာ ကချင်အထူးဒေသ(၁)ခေါင်းဆောင်ဖြစ်သည့် ဦးဇခုန်တိန့်ယိန်းတို့နှင့်လည်း ပူးပေါင်းဖူးကာ မုံးကိုသို့ ကျန်ခဲ့သည့် လေးနှစ်ခန့်က ရောက်ရှိလာခြင်းဖြစ်ပြီး ယခင်က KIA ဌာနချုပ် လိုင်ဇာတွင် နေထိုင်ခဲ့ဖူးသော်လည်း KIA အဖွဲ့ဝင်မဟုတ်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကိုစောင့်ကြည့်နေသည့် Burma Monitor အဖွဲ့၏ အချက်အလက်များအရ ၂၀၁၉ တစ်နှစ်အတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲအကြိမ်ရေ ခြောက်ကြိမ်ရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့အပြင် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ပြည်သူ့စစ်အဖွဲ့ပေါင်း မြောက်မြားစွာ ရှိနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles