အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘူးသီးတောင်အနီး တိုက်ပွဲအတွင်းပိတ်မိကာ ကျန်ရစ်ခဲ့သည့် အဘွားအိုတစ်ဦး အာဟာရပြတ်သေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဇူလိုင်လလယ်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကျေးရွာအတွင်း ပိတ်မိကာ ကျန်ရစ်ခဲ့သည့် မျက်မမြင် နားမကြား ဘွားအိုတစ်ဦး အာဟာပြတ် သေဆုံးခဲ့ကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ တောင်ဘက် ၁၂ မိုင်အကွာရှိ သျှစ်သျှားတောင်ကျေးရွာ မှ အသက် ၉၀ အရွယ် ဒေါ်မအောင်ဖြူ ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၇ ရက်အထိ တစ်ဦးတည်းကျန်ခဲ့ရာမှ အာဟာရ ပြတ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၃ မှစ၍ အဆိုပါကျေးရွာအုပ်စုတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ရွာသားအများစု ထွက်ပြေးသွားကြပြီး မသန်စွမ်းနှင့် သက်ကြီးရွယ်အို ၁၂ ဦး ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဇူလိုင်လ ၂၉ ရက်နေ့တွင် သွားရောက် ကယ်ထုတ်သော်လည်း ဒေါ်မအောင်ဖြူကို မတွေ့ခဲ့ဘဲ ၁၁ ဦးသာ ကယ်ထုတ်နိုင်ခဲ့သည်။

ICRC က ကယ်တဲ့နေ့မှာ သူ့ကိုရှာမတွေ့ခဲ့ဘူး အဲ့ဒါနဲ့ကျန်ခဲ့တာ။ အဲဒီနေ့ကတည်းကနေ မနေ့ကထိဆိုတော့ သူဘာသွားစားလို့ရမလဲ။ မျက်စိကလည်း မကောင်း နားလည်းမကြားဘူး။ မနေ့ကတော့ တပ်မတော်စစ်ကြောင်းက သူ့မိသားစုကို ပြန်အပ်တယ်လို့ ကြားတယ်။ သူ့အိမ်မှာပြန်တွေ့တာမဟုတ်ဘူး တခြားအိမ်တစ်အိမ်ရဲ့အိမ်အောက်မှာ တွေ့တာတဲ့ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က Myanmar Now ကို ယနေ့ ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ကျန်ရှိသူများကို ဝင်ရောက်ကယ်ဆယ်ရာမှ ကျန်ရှိခဲ့ခြင်းဖြစ်သည်ဟု ICRC မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အားလုံးပေါင်း ၁၂ ယောက် ကျန်ခဲ့တာခင်ဗျ။ ဒါပေမဲ့ ရှိတဲ့ ၁၁ ယောက်ကိုပဲ ခေါ်ပြီးတော့ လာခဲ့တယ်ပေါ့။ အချိန်လည်းသိပ်မရဘူး နယ်မြေလည်းမလုံခြုံဘူး၊ နင်းမိုင်းတွေလည်းရှိတော့ ကျွန်တော်တို့ရှာမတွေ့ခဲ့ဘူး။ မနေ့က မိသားစုလက်ထဲရောက်မှ အသက်ထွက်တာလို့ ပြောတယ်ဟု အဆိုပါတာဝန်ရှိသူက Myanmar Now ကို ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့မှစ၍ ဘူးသီးတောင်မြို့နယ် နရုံတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေအိမ်လေးလုံး မီးလောင်ခဲ့ရာ အနီးရှိ သျှစ်သျှားတောင်၊ စံကိုးထောင်၊ ဥယျာဉ်သာကျေးရွာများမှ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ အရေအတွက်မှာ ဆက်လက်မြင့်တက်နေပြီး စစ်ရှောင်အရေအတွက် ၅၅,၀၀၀ ကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ဇူလိုင် ၃၀ ရက်နေ့အထိ အချက်အလက်များအရ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button