နိုင်ငံတကာသတင်းသတင်း

ဒေါ်နယ်ထရမ့်၏ အဓမ္မကျင့်ခြင်းကို ခံခဲ့ရဟု အမျိုးသမီးတစ်ဦးစွပ်စွဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၁၉၉၀ ပြည့်နှစ်များအတွင်း နယူးယောက်မြို့ရှိ ကုန်တိုက်တစ်ခု၏ အဝတ်လဲခန်းအတွင်း မိမိကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ကျူးလွန်ခဲ့သည်ဟု မဂ္ဂဇင်းဆောင်းပါးရှင် အမျိုးသမီးတစ်ဦး၏ စွပ်စွဲချက်ကို ထရမ့်က ငြင်းဆန်လိုက်သည်။

 ‘ကျွန်တော့်အကြိုက်ပုံစံမျိုး မဟုတ်ဘူးဟု ထရမ့်က တုံ့ပြန်ပြောကြားလိုက်သည်။

၁၉၉၀ ပြည့်နှစ်များအတွင်း ဒေါ်နယ်ထရမ့်သည် မိမိကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟု မစ္စအီဂျင်းကာရောလ်က ၎င်း၏ နောက်ဆုံးထုတ် စာအုပ်သစ်တွင် ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ သမ္မတထရမ့်က နိုင်ငံရေးသတင်းဌာနတစ်ခုဖြစ်သော The Hill နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခြင်းဖြစ်သည်။

အဆိုပါစာအုပ်သစ်တွင် အီဂျင်းကာရောလ်က ထရမ့်သည် မုဒိမ်းမှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုထားခြင်းဖြစ်သည်။

The Hill နှင့်ပြုလုပ်သော အင်တာဗျူးတွင် ထရမ့်ကဒီကိစ္စကို ကျွန်တော် တလေးတစား သဘောထားပြီးဖြေပါ့မယ်၊ နံပါတ် အချက်အနေနဲ့ ပြောမယ်ဆိုရင် သူမဟာ ကျွန်တော်ကြိုက်တဲ့ ပုံစံမျိုးထဲကမဟုတ်ဘူးဗျာ။ နံပါတ် အချက်အနေနဲ့က ပြောရရင် အဲဒီကိစ္စ လုံးဝမဖြစ်ခဲ့ပါဘူး။ လုံးဝမရှိခဲ့ဘူး၊ ဟုတ်ပြီလားဟု ဖြေကြားသည်။

ထို့ပြင် ထရမ့်ကအဲဒီမိန်းမက ဗြောင်လိမ်ဗြောင်စားလုပ်နေတာ၊ သူ့အကြောင်း ကျွန်တော် ဘာဆိုဘာတစ်ခုမှ မသိဘူးဟု ဆက်လက်ပြောကြားသည်။

ဂျင်းကာရောလ်သည် နယူးယောက်မဂ္ဂဇင်းက ထုတ်ဝေခဲ့သည့် သူမ၏စာအုပ်သစ်မှ ကောက်နုတ်ချက်များကို လူမှုကွန်ရက်တွင် ယခင်အပတ်က တင်ခဲ့ရာမှ ထရမ့်အပေါ် ယခင်က လိင်နှောင့်ယှက်မှုများအကြောင်း ထုတ်ဖော်စွပ်စွဲသော ၁၆ ယောက်မြောက်အမျိုးသမီး ဖြစ်လာခဲ့သည်။

သူမရေးသားဖော်ပြသည့် ဖြစ်စဉ်တွင် နယူးယောက်မြို့ မင်ဟက်တန်ရပ်ကွက်ရှိ ဘားဒေါ့ဂွတ်မန်းကုန်တိုက်တွင် အိမ်ခြံမြေလုပ်ငန်းရှင် ထရမ့်က အမည်မဖော်လိုသော အမျိုးသမီးတစ်ဦးအတွက် အတွင်းခံ အဝတ်အစား ဝယ်ရန် အကြံဉာဏ်တောင်းခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်း တံခါးကို ပိတ်ကာ သူမအား နံရံသို့ တွန်းကပ်၍ အတင်းအကျပ် ဖက်နမ်းခဲ့ကြောင်း၊ ထို့နောက် သူမအား နံရံတွင် တွန်းကပ်ထားကာ အသားကပ်ဘောင်းဘီကို ဆွဲချ၍ အဓမ္မကျင့်ခဲ့ကြောင်း၊ သူမက နောက်ဆုံးတွင် ထရမ့်အား တွန်းထုတ်နိုင်ခဲ့ပြီး အဝတ်လဲခန်းအတွင်းမှ ထွက်ပြေးလာခဲ့ကြောင်း အသေးစိတ် ဖော်ပြထားသည်။

အီဂျင်းကာရောလ်ကမူရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ကိစ္စပါ။ ပြီးတော့ သူကထွက်သွားတာပဲ။ ဒါမျိုးကို လူသိရှင်ကြားထုတ်ပြောတဲ့ အမျိုးသမီး ၁၅ ယောက်ရှိပြီ၊ ကျွန်မနဲ့ဆို ၁၆ ယောက်ပေါ့။ အားလုံးအတူတူပဲ။ သူကငြင်းမယ်၊ ပြီးရင် ပြောင်းပြန်ဖြစ်အောင်ပြောမယ်၊ တိုက်ခိုက်မယ်၊ နောက်တော့ ခြိမ်းခြောက်မယ်ဟု CNN သတင်းဌာနနှင့်တွေ့ဆုံခန်းတွင် ပြောကြားသည်။

AFP

Show More

Related Articles

Back to top button