အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

Huawei ကို ပိတ်ပင်မှု အမေရိကန် ရက် ၉၀ ဆိုင်းငံ့ပေး

တရုတ်အီလက်ထရောနစ် ကော်ပိုရေးရှင်း Huawei ကို ကန့်သတ်ချက်များ ပြုလုပ်ထားခြင်းကို အမေရိကန်အစိုးရက ရက် ၉၀ ဆိုင်းငံ့ပေးလိုက်ရာ အဆိုပါ ပိတ်ဆို့ကန့်သတ်မှုများနှင့် နောက်ဆက်တွဲ သက်ရောက်မှုများ လတ်တလောဖြစ်လာရန် မရှိသေးပေ။

ရှိပြီးသား ကွန်ရက်များကို ထိန်းသိမ်းရန်နှင့် ရှိပြီးသား Huawei လက်ကိုင်ဖုန်းများ၏ဆော့ဖ်ဝဲများ အဆင့်မြှင့်ရန်အတွက် အမေရိကန်ထုတ် ကုန်ပစ္စည်းများကို ဝယ်ယူရန်အတွက် Huawei Technologies များကို ခွင့်ပြုပေးထားရန် အမေရိကန်စီးပွားရေး ဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်။

သို့သော် Huawei အတွက် ထုတ်ကုန်များ အသစ်ထုတ်လုပ်ရန် အမေရိကန်ထုတ် အပိုပစ္စည်းများ ဝယ်ယူခြင်းကို လိုင်စင်မပါဘဲ ဝယ်ယူခွင့်ရှိမည် မဟုတ်သလို Huawei အနေနှင့် လိုင်စင်ရရန်လည်း မရှိပေ။

လာမည့် ရက် ၉ဝတွင် အသက်ဝင်လာမည့် ပိတ်ပင်မှုကြောင့် Huawei ကုန်ကြမ်းရရှိမှု လမ်းကြောင်းတွင် အပြောင်းအလဲများ ဖြစ်ဖွယ်ရှိကာ ချက်ချင်းလက်ငင်း ကြုံမည်ဟု မထင်ထားသော သက်ရောက်မှုများ ဖြစ်ဖွယ်ရှိသည်။

“Huawei ရဲ့ ပစ္စည်းကိရိယာတွေ၊ စနစ်တွေကို သုံးထားတဲ့ အခြား တတိယ ကြားအဖွဲ့အစည်းတွေကို မထင်မှတ်တဲ့ သက်ရောက်မှုတွေ ဖြစ်မှာစိုးတဲ့အတွက် ကာကွယ်လိုက်တဲ့ သဘောဖြစ်ပါတယ်ဟု ယခင် စီးပွားရေးဝန်ကြီးဌာန အရာရှိတစ်ဦးဖြစ်သူ ဝါရှင်တန်အခြေစိုက် ရှေ့နေ ကီဗင်ဝုဖ်က ပြောကြားသည်။

ကွန်ရက်တွေ ရပ်ဆိုင်းသွားမှာကို ကြိုတင်ကာကွယ်ဖို့ ကြိုးစားထားခြင်း ဖြစ်ပါတယ်ဟု ၎င်းက ဆိုသည်။

အမေရိကန်ဘက်က ရက် ၉၀ ဆိုင်းငံ့ခြင်းနှင့် ပတ်သက်ပြီး Huawei က ချက်ချင်းတုံ့ပြန်ခြင်း တစ်စုံတစ်ခု မပြုလုပ်သေးပေ။

အမေရိကန်စီးပွားရေးဝန်ကြီးဌာနက Huawei အပါအဝင် လုပ်ငန်း ၆၈ခုသို့ တင်ပို့ရောင်းချခြင်းကို နာမည်ပျက်စာရင်း သွင်းခဲ့ရာ တရုတ်ကုမ္ပဏီကြီးအတွက် အမေရိကန်လုပ် ကုန်ပစ္စည်းများကို ဝယ်ယူရန်အတွက် မဖြစ်နိုင်သလောက် ဖြစ်သွားသည်။

ယခုအခါ Huawei သည် လိုင်စင်မရှိဘဲ အမေရိကန်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ခွင့် ပိတ်ထားသော ကုမ္ပဏီများ စာရင်းတွင် ပါသွားပြီဖြစ်သည်။

Huawei နှင့် အလုပ်လုပ်ထားမိသော အမေရိကန်ကုမ္ပဏီများအတွက် အချိန်ရစေခြင်းငှာ လတ်တလော လှုပ်ရှားမှုများအတွက် စဉ်းစားနေကြောင်း အစိုးရအရာရှိတစ်ဦးကို ကိုးကားလျက် Reuters သတင်းဌာနက ရေးသားထားသည်။

ယာယီလိုင်စင်ဖြင့် ဆက်လက် အလုပ်လုပ်စေမည်ဖြစ်ကာ တားမြစ်ပိတ်ပင်လိုက်ခြင်းက လာမည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် အသက်ဝင်မည်ဟု ဖော်ပြထားသည်။

Ref: CNA

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button