အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖမ်းထားသည့် ကြံစိုက်လုပ်သား ၅ဝ ခန့်ကို KIA ပြန်လွှတ်

တပ်သားသစ်အဖြစ် တာဝန်ထမ်းဆောင်စေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်တွင် မကြာသေးခင်က ဖမ်းဆီးထားသည့်  ကြံစိုက်ခင်းလုပ်သားများကို  ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောသည်။

မတ်လ ၄ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီးရှိ ကြံစိုက်ခင်းမှ လုပ်သား ၅၇ ဦးကို KIA တပ်မဟာ ၄၊ တပ်ရင်း ၈ မှ ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း၊  လမ်းခရီးတွင် ၁၀ ဦး လွတ်မြောက်သွားပြီး ဖြစ်ကြောင်း သိရသည်။

ကျန်နေသည့် ၄၇ ဦးကို  တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခြင်းလိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အားလုံး ပြန်လွှတ်လိုက်ပါပြီ။  အောက်ခြေတပ်မှူးကလည်း (ပြန်လွှတ်လိုက်တဲ့အကြောင်း) သတင်းပို့ပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖမ်းဆီးခံထားရသူများမှာ တအာင်းတိုင်းရင်းသားအများစုဖြစ်ပြီး လားဟူတိုင်းရင်းသားတချို့လည်း ပါဝင်ကြောင်း၊  ဖမ်းဆီးစဉ် နယ်မြေအနေအထားရ တစ်ဦးချင်း စိစစ်ရန် အခြေအနေ မပေးသဖြင့်  အသက်မပြည့်သေးသူများ၊  အမျိုးသမီးများလည်း ပါဝင်ခဲ့ကြောင်း ပြောသည်။

အရပ်သားများကို ဖမ်းဆီးခြင်းမလုပ်ရန် ညွှန်ထားကြောင်း၊ ယခုဖမ်းဆီးသည့် တပ်မှူးများကို သတိပေး အရေးယူထားကြောင်း KIA က ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့အသီးသီးက ဖမ်းဆီးသွားသူများအရေး ကူညီနေသည့် ‘တအာင်းဥပဒေအထောက်အကူပြုအဖွဲ့’ တည်ထောင်သူ မိုင်းမျိုးအန်ကလည်း အရပ်သားများ ပြန်လွတ်လာသည့် သတင်းကို အတည်ပြုသည်။

“သူတို့က နှစ်သုတ်ခွဲပြီး လွှတ်ပေးတယ်။ ဖမ်းဆီးခံရသူတွေ အားလုံး သူတို့အိမ်၊ သူတို့ရွာတွေကို ပြန်ရောက်ကြပြီ” ဟု မိုင်းမျိုးအန်က ပြောသည်။

တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်ခဲ့သည့် နှစ်လတာအတွင်း တိုင်းရင်းသားလက်နက်ကိုင်များဘက်က လူသစ်စုဆောင်းမှု အကြိမ် ၃၀ အထိ ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်နက်ကိုင်အဖွဲ့အများအပြား လှုပ်ရှားသည့် ရှမ်းပြည်နယ်သည်  တိုက်ပွဲအများအပြား ဖြစ်ပွားလေ့ရှိသည့် ဒေသတစ်ခု ဖြစ်သည်။

အရပ်သားတို့ကိုပါ ထိခိုက် ဒဏ်ရာရ၊ သေကျေပျက်စီးစေသော တိုက်ပွဲများ ရပ်တန့်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ကြရန် ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles