ဓာတ်ပုံအက်ဆေး

ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှု

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုတစ်ခုကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့တွင် တွေ့ခဲ့ရသည်။

သံဃာအများအပြားနှင့် ၎င်းတို့ကို ဝန်းရံသူများက ရွှေတိဂုံစေတီသို့ သွားရောက်ပြီး ဆုတောင်း ဝတ်ပြုခဲ့ကြသည်။

ရွှေတိဂုံသို့ မလာရောက်မီ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယသာသနာ့ရိပ်သာတွင် ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်မြောက် အခမ်းအနား၊ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားတွင် ငြိမ်းချမ်းရေး ဆုတောင်းပွဲ အစီအစဉ်တို့ကို ကျင်းပခဲ့ကြကြောင်း သိရသည်။

၂၀၀၇ ခုနှစ် တပ်မတော်အစိုးရလက်ထက်က သံဃာများ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်စဉ် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည်။

Show More

Related Articles

Back to top button