အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဝါရောင်သံဃာတို့ကို နားလည်မှုလွဲပြီး ရွှေတိဂုံတွင် ဟန့်တား

ရန်ကုန် (Myanmar Now) – ရွှေဝါရောင်တော်လှန်ရေး ဆယ်နှစ်ပြည့်နေ့တွင် ရွှေတိဂုံသို့ သွားမည့် သံဃာများ၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ ဟန့်တားခံရခြင်းသည် နားလည်မှုလွဲခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြောသည်။

“ရွှေတိဂုံဘုရားရဲ့ ဂေါပကအဖွဲ့ကနေပြီးတော့ ဒီကိုရောက်လာကြတော့ တိုင်းအစိုးရရဲ့ ခွင့်ပြုချက် ယူထားလား၊ မယူထားလားဆိုတာကို လှမ်းပြီးတော့ စုံစမ်းတဲ့အခါမှာ နည်းနည်းလေး နှောင့်နှေးသွားတာပါ” ဟု ဦးနိုင်ငံလင်းက ဆိုသည်။

သံဃာများဦးဆောင်သည့် လှုပ်ရှားမှု နှစ်ပတ်လည်နေ့တွင် လှုပ်ရှားမှုအတွင်း ကျဆုံးသွားသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများအတွက် မေတ္တာပို့ အမျှဝေရေးအတွက် သွားရောက်ကြသူများသည် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ဦးရှေ့တွင် တံခါးပိတ်စောင့်ဆိုင်းနေသော လုံခြုံရေးရဲတချို့နှင့် စတင် ရင်ဆိုင်ခဲ့ရသည်။

မိနစ်အတန်ကြာ ထိပ်တိုက်ရင်ဆိုင်ပြီးနောက်ပိုင်းတွင် အာဏာပိုင်တို့က တံခါး ဖွင့်ပေးလိုက်သည်။

“ဆရာတော်တွေကလည်း အထိမ်းအမှတ်အနေနဲ့ လူထု သိသ့င်တယ်ထင်လို့ လုပ်တာပဲလေ။ အခုညှိနႈိင်းတဲ့ အခါမှာလည်း တော်တော်အဆင်ပြေပါတယ်” ဟု ဦးနိုင်ငံလင်းက ပြောသည်။

ဦးဆောင်သံဃာတော်တစ်ပါးဖြစ်သည့် ရွှေသိန် ဓမ္မသိဂီၤကျောင်းမှ ဦးစန္ဒာသီရက ပြည်သူအများ ဆန္ဒကို စည်းကမ်းရှိစွာ ထုတ်ဖော်နိုင်ခွင့်ရှိသည့်ကာလတွင် ယခုလို တားဆီးပိတ်ပင်သည်မှာ မဖြစ်သင့်သော်လည်း အဆင်ပြေအောင် ညှိနှိုင်းပေးသည့် အတွက် ကျေးဇူးတင်ကြောင်း မိန့်ကြားသည်။

“တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက လာရောက်ပြီး ပြေလည်အောင် ဖြေရှင်းပေးတဲ့အတွက် ဦးဇင်းတို့ ဘုရားပေါ်တက်ပြီး ဘုရားဖူးခွင့်ရတယ်။ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေကို ဦးဇင်းတို့ အမျှဝေခွင့်ရခဲ့တယ်” ဟု ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။

စစ်အာဏာရှင်ခေတ် ၂၀၀၇ စက်တင်ဘာလတွင် ရဟန်းသံဃာအများအပြားနှင့် ပြည်သူတချို့က စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြရာ ထိုလှုပ်ရှားမှုသည် ရွှေဝါရောင်တော်လှန်ရေး အဖြစ် ထင်ရှားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button