အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တိုင်းအတွင်း ကရင်စာပေသင် ဆရာ/ဆရာမများ ချီးမြှင့်ငွေ မရသေး

ရန်ကုန်တွင် ကရင်စာပေ သင်ကြားနေသည်မှာ နှစ်လခန့် ကြာပြီ ဖြစ်သော်လည်း ဆရာ၊ ဆရာမများ ချီးမြှင့်ငွေ မရရှိသေးပေ။ ချီးမြှင့်ငွေများ မရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဒုဥက္ကဋ္ဌ မန်းချစ်လှက အောက်တိုဘာ ၇ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

“စာပေသင်တာ သြဂုတ်လမှာ စတယ်။ အခုဆို တစ်လကျော်ပြီ။ ချီးမြှင့်ငွေ တစ်လ သုံးသောင်းပေးမယ်လို့ ပြောထားတယ်။ အခုထိပေးတာတော့ မတွေ့သေးဘူး။ စာအုပ်လည်း ချပေးတာမတွေ့ဘူး။ ဒီလထဲမှာ တိုင်း စာယဉ် အစည်းအဝေး ခေါ်မယ်ပြောတယ်။ အဲဒီကျမှ ပြန်ပြီးဆွေးနွေးရမယ်”ဟု မန်းချစ်လှက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကရင်လူမျိုး အများစုနေထိုင်သည့် မြို့နယ်များရှိ အစိုးရကျောင်း၌ သြဂုတ် ၁၉ ရက်နေ့မှစ၍ အစိုးရဝန်ထမ်း ကရင်ဆရာ၊ ဆရာမများနှင့် ပြင်ပ ဆရာ၊ ဆရာမများက ကရင်စာ စတင် သင်ကြားပေးခဲ့သည်မှာ နှစ်လနီးပါးကြာပြီဖြစ်သည်။

ကွမ်းခြံကုန်းမြို့နယ် ဆိပ်ကြီးကျေးရွာ၌ ပြင်ပ ကရင်စာသင် ဆရာမတဦးဖြစ်သူ နန့်လှလှကြည်က “အစည်းအဝေး ထိုင်တဲ့ ကာလမှာတော့ တစ်လသုံးသောင်း၊ လစာတော့မဟုတ်ဘူး၊ ချီးမြှင့်ငွေ ပေးမယ်ပေါ့နော်။ လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မကြာသေးပါဘူး။ အားလုံးက စိတ်ဓာတ်နဲ့ လုပ်ကြပေမယ့် အချိန်ကြာရင်တော့ ခက်ခဲလာမယ်ထင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်ရှိ ကျောင်းချိန်ပြင်ပ ကရင်စာပေသင်ကြားရာတွင် ဆိုင်ရာကျောင်းအုပ်များက အပြည့်အဝ ကြီးကြပ်မှုမလုပ်နိုင်သေးကြောင်း၊ အစိုးရအနေဖြင့် ကရင်စာပေ တရားဝင် သင်ကြားခွင့်ပေးပြီး သင်ကြားမည့် ဆရာ/ ဆရာမများရှိလာပါက ပိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း နန့်လှလှကြည်က ဆက်ပြောသည်။

လတ်တလော ကရင်စာသင်ဆရာ၊ ဆရာမများ အတွက် ချီးမြှင့်ငွေကိစ္စကို ဆက်စောင့်ကြည့်ရမည်ဖြစ်ပြီး သင်ကြားရေးအပိုင်းတွင် ဆရာ/ဆရာမများအနေဖြင့် သင်နိုင်သော်လည်း ထိရောက်စွာ သင်ကြားနိုင်ရေး အတွက် မွမ်းမံသင်တန်းပေးခြင်းများပြုလုပ်သင့်သည်ဟု ကောမှူးမြို့နယ်၊ ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး မန်းသြဘာသောင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျောက်ပုံးကျေးရွာသူ နော်ငြိမ်းငြိမ်းမော်က “အခုလို လစာမရသေးတာက တစ်ဖက်မှာလည်း အခက်အခဲရှိလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ အနေနဲ့တော့ နားလည်ပေးရပါလိမ့်မယ်။ တိုင်းရင်းသားရေးရာမှာ ဘတ်ဂျက်မရှိဘူး ထင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်၊ တိုက်ကြီး၊ မှော်ဘီ၊ တွံတေး၊ မရမ်းကုန်း၊ ထန်းတပင်၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် လှည်းကူးစသည့် မြို့နယ်များရှိ စာသင်ကျောင်း ၃ဝ၄ ကျောင်းတွင် ကျောင်းသား ဦးရေ ၆,၄၂၉ ဦးကို ဆရာ/ဆရာမ ၁၉ဝ ဦးကျော်တို့က ကရင်စာသင်ကြားပေးနေကြောင်း စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။

(နန့်သွာဖောင်သည် KIC သတင်းဌာနမှ ဖြစ်သည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button