အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မသန်စွမ်း အနုပညာပွဲတော်တွင် ဘီးတပ်ကုလားထိုင်အက ပါဝင်မည်

ရန်ကုန် – ဘီးတပ်ကုလားထိုင်အက ပါဝင်မည့် တတိယအကြိမ်မြောက် အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၃းဝဝ နာရီမှ ည ၁၁းဝဝ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေ ၂ ဒသမ ၃ သန်း ရှိရာ ထိုပမာဏမှာ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတွင် အခွင့်အရေးဆုံးရှုံးနေသူတို့၏ အနုပညာ၊ အရည်အချင်း မျိုးစုံကို ပွဲတော်တွင် တွေ့ရမည် ဖြစ်ကြောင်း အနုပညာပွဲတော်ကို စီစဉ်သည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ အမှုဆောင် အရာရှိချုပ် ဦးနေလင်းထွန်းက ရန်ကုန်အခြေစိုက် သတင်းထောက်များကို ပြောသည်။

“မသန်ပေမယ့် စွမ်းကြတဲ့ မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့ အခွင့်အရေးတွေကို မြန်မာ့လူ့အဖွဲ့အစည်းက ပိုမို သိရှိနိုင်ဖို့၊ နားလည်လက်ခံလာပြီး နိုင်ငံတော်က မူဝါဒချမှတ်မှုတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ မသန်စွမ်းတွေအတွက် ပိုမို ထည့်သွင်း စီမံဆောင်ရွက်ပေးလာစေဖို့ ဒီပွဲတော်ကို ကျင်းပခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဤပွဲတော်တွင် ပါဝင်တင်ဆက်ခြင်းဖြင့် မသန်စွမ်းသူတို့၏ အနာဂတ်အနုပညာဖန်တီးမှုလမ်းကြောင်း ပေါ်ထွန်းလာရန်လည်း ရည်ရွယ်သည်ဟု သူက ဆက်ပြောသည်။

ပွဲတော်တွင် ဗြိတိန်နိုင်ငံမှ Stopgap Dance Company အဖွဲ့၏ ဘီးတပ်ကုလားထိုင်အကလည်း ပါဝင်မည် ဖြစ်သည်။ ထိုတင်ဆက်မှုတွင် ဗြိတိန်၊ မြန်မာနိုင်ငံတို့မှ မသန်စွမ်းများ ပူးတွဲ ပါဝင်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ အနုပညာရှင်များကလည်း သီဆိုဖျော်ဖြေပေးမည်၊ မသန်စွမ်း ၁၀၀ ခန့်ကလည်း အနုပညာတင်ဆက်မှုများ ပြုလုပ်ကြမည်ဟု ဦးနေလင်းစိုးက ပြောသည်။

၂၀၁၃ မသန်စွမ်းအနုပညာပွဲတော်ကို ရန်ကုန်၊ ၂၀၁၄ ပွဲတော်ကို နေပြည်တော်တို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

“မသန်စွမ်းသူပြောတဲ့အခါမှာ နာမကြား ၊ မျက်စိမမြင် ကိုယ်အင်္ဂါမသန်စွမ်းတဲ့လူတွေ အားလုံးပါဝင်ပါတယ်။ သူတို့တွေရဲ့ မတူညီတဲ့ အနုပညာကို ပြသပေးမှာဖြစ်ပါတယ်” ဟု ဦးနေလင်းစိုးက ဆက်ပြောသည်။

၎င်းတို့အသင်း၏ ဖုန်းနံပါတ်များဖြစ်သော ၀၉-၇၈၁-၃၈၈-၉၈၀၊ ၀၉-၄၅၁-၀၂၃-၁၅၉၊ ၀၉-၄၅၀-၀၆၇-၂၄၇ တို့ကို ဆက်သွယ်ပြီး ပွဲတော် ဝင်ကြေး လက်မှတ် ဝယ်ယူနိုင်သည်ဟု သိရသည်။ မသန်စွမ်းသူများ အခမဲ့ ဝင်ရောက် အားပေးနိုင်ကြောင်း သိရသည်။

————
သတင်းရေးသားသူ လွေးခင်ဝင်းရီသည် လားရှိုးမြို့ အခြေစိုက် မားနဂါးသတင်းဂျာနယ်မှဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် လုပ်ကိုင်လျက်ရှိသည်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button