အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုပ်ရဟန်းမင်းကြီး နိုဝင်ဘာနှောင်းပိုင်းတွင် မြန်မာပြည်လာမည်

ဗာတီကန်စီတီး— ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ နိုဝင်ဘာနှောင်းပိုင်းတွင် လာရောက်မည့် ခရီးစဉ်အတွင်း ဗုဒ္ဓဘာသာထေရ်ကြီးဝါကြီး ဘုန်းတော်ကြီးများ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကြာမြင့်မည့် အဆိုပါခရီးစဉ်သည် ရိုဟင်ဂျာပြဿနာများ ကြုံတွေ့နေရသည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ခြင်းဖြစ်ကာ ဟောပြောမှုများကို မြန်မာနိုင်ငံတွင် တစ်ကြိမ်၊ ဘင်္ဂလားဒေ့ရှ်တွင် တစ်ကြိမ် ပြုလုပ်သွားမည်ဟု ဗာတီကန်က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ဖရန်စစ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်သည်။

၁၉၈၆ ခုနှစ်အတွင်းက ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်သည် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး နောက်တစ်နေ့တွင် နေပြည်တော်သို့ တစ်ရက်ကြာ သွားမည်ဖြစ်သည်။

နေပြည်တော်တွင် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံမည်ဖြစ်သည်။

နိုင်ငံရေးသမားများ၊ သံတမန်များနှင့် တွေ့ဆုံပွဲသို့ စစ်ဘက်ခေါင်းဆောင်များ ပါဝင်တက်ရောက်ဖွယ်ရှိကြောင်း ဗာတီကန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ခရီးစဉ်နှင့် ပတ်သက်သည့် အဓိကအချက်များကို ဦးစားပေး ပြောကြားသွားဖွယ်ရှိသည်။

ရိုဟင်ဂျာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဖိအားများကို ရင်ဆိုင်နေရပြီး ရိုဟင်ဂျာများ အနေဖြင့် ၎င်းတို့၏ ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှုအတိုင်း နေလိုသောကြောင့် နှိပ်စက်၊ သတ်ဖြတ်ခြင်းများ ခံနေရကြောင်း ဖရန်စစ်က ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက မိမိတို့၏ ရိုဟင်ဂျာ ညီ၊ ညီမများ ဖိနှိပ်ခံနေရကြောင်း၊ ကစ်သလစ်ခရစ်ယာန်များအနေဖြင့် ၎င်းတို့အတွက် ဆုတောင်းပေးကြရန်နှင့် ရိုဟင်ဂျာများအနေဖြင့် လူ့အခွင့်အရေး အပြည့်အဝရသင့်ကြောင်း ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့မှုအပေါ် သဘောထားတင်းမာသူ ဗုဒ္ဓဘာသာဝင်များက မကျေမနပ်ဖြစ်ခဲ့ကြသည်။

နိုဝင်ဘာ ၂၉ ရက်တွင် ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်သည်။

အောက်တိုဘာ ၉ ရက် တစ်ရက်တည်းတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိလာသည့် ရိုဟင်ဂျာ ၁၁,ဝဝဝ ကျော် ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အဖွဲ့က စာရင်းပေးပို့ခဲ့သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က အောက်တိုဘာ ၁ဝ တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုများကြောင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချထားပြီး လူမျိုးသန့်စင်ရှင်းလင်းမှုများ လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂက စွပ်စွဲထားသော်လည်း မြန်မာအစိုးရက ငြင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်းရှိသည့်အနက် ရိုမန်ကက်သလစ်ဘာသာဝင် ၇ သိန်းခန့် ရှိပြီး ဘင်္ဂလားဒေ့ရှ်တွင် အရေအတွက်အနည်းငယ်သာ ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button