အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်သားတွေကို အညာဒေသခံတွေ ဘယ်လောက် မုန်းတီးသွားကြပြီလဲ

ဗုဒ္ဓဘာသာကိုးကွယ်သူ ဗမာအများစု နေထိုင်ကြပြီး စစ်ဗိုလ်၊ စစ်သား အများဆုံး ထွက်ခဲ့သော မြန်မာပြည်အလယ်ပိုင်းရှိ အညာဒေသခံများ၏ နေအိမ်များ ထောင်းလမောင်းကြေအောင် မီးရှို့ ဖျက်ဆီးခံနေရသည်။

စစ်သားများကို အားကျခဲ့ပြီး ကိုယ့်ရင်သွေး ကြီးလာလျှင်ပင် စစ်သားကြီး ဖြစ်စေချင်ခဲ့ကြသည့် အညာသူ၊ အညာသားများသည် ယခုအခါ စစ်သားဆိုလျှင် ‘မကောင်းဆိုးဝါး’ ကဲ့သို့ ရွံရှာမုန်းတီးသွားကြပြီ ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ နနွင်းကိုင်း၊ ဆူးလေကုန်း၊ ရွှေတချောင်း၊ သူဌေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ မြစ်ဆုံ၊ ပရိမ္မနှင့် နဂါးပေါက် စုစုပေါင်း ရွာ ၉ရွာကို နိုဝင်ဘာ ၇ရက်မှ ၁၅ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့သဖြင့် အိမ်ခြေ ၁၀၀၀ ကျော် ပြာကျခဲ့ရသည်။

စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းကိုသာ အဓိကလုပ်ကိုင်ကြသည့် ထိုဒေသခံများသည် ယခုအခါ မီးလောင်ပြင်ထဲတွင် ယာယီတဲထိုးကာ ဖြစ်သလို နေထိုင်နေကြရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အိမ်ခြေ ၅၀၀ ကျော်အနက် နေအိမ်ပေါင်း ၄၀၀ခန့် မီးရှို့ခံရသည့် မြစ်ဆုံရွာ ဒေသခံများကို တွေ့ဆုံမေးမြန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://www.youtube.com/watch?v=xvEIzRC-jTc&t=166s]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles