အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ညီဖြစ်သူ ချန်ခဲ့သည့် သေနတ်ကို လက်ဆင့်ကမ်းယူလိုက်သူ အစ်ကို ကျောင်းဆရာ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှ အသက် ၂၇နှစ်အရွယ် ကိုထက်နိုင်အောင်သည် စစ်အာဏာမသိမ်းခင်က လုပ်သက် ၄နှစ်ရှိ မူလတန်းပြ ကျောင်းဆရာတစ်ဦး ဖြစ်ခဲ့ပြီး ၎င်း၏ မိဘနှစ်ဦးစလုံးမှာလည်း အလယ်တန်းပြ ကျောင်းဆရာနှင့် ဆရာမ ဖြစ်ကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကိုထက်နိုင်အောင်က မိဘများနှင့်အတူ အာဏာဖီဆန်ကာ CDM ပြုလုပ်ခဲ့ပြီး စီးပွားရေးတက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေသည့် ညီဖြစ်သူမှာမူ လက်နက်ကိုင် တော်လှန်ရေးသမား ဖြစ်သွားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ပျူစောထီး ခေါ် စစ်တပ်ထောက်ခံသူ လက်နက်ကိုင်အရပ်သားများ လက်ချက်ဖြင့် နေအိမ်ရှိ CDM မိဘနှစ်ဦးလုံး သေဆုံးခဲ့ရသည်။ နောက် ၄လ အကြာ ၂၀၂၂ခုနှစ်၊ မတ်လတွင်လည်း ၎င်း၏ ညီဖြစ်သူမှာ စစ်ကောင်စီတပ်လက်ချက်ဖြင့် တိုက်ပွဲအတွင်း သေဆုံးသွားသည်။

CDM ပြုလုပ်ပြီး မိသားစု စားဝတ်နေရေးအတွက် ရရာအလုပ် ဝင်လုပ်နေသူ ကိုထက်နိုင်အောင်သည် မိဘနှစ်ဦးနှင့် ညီဖြစ်သူတို့ကို ဆုံးရှုံးလိုက်ရပြီးနောက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။

ယခုအခါ ညီဖြစ်သူ ကျန်ရစ်ခဲ့သည့် သေနတ်ကို လက်ဆင့်ကမ်းကိုင်ရင်း မပြီးဆုံးသေးသည့် စစ်အာဏာရှင်တော်လှန်ရးခရီးကို CDM ကျောင်းဆရာတစ်ယောက် လျှောက်လှမ်းနေပြီ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://www.youtube.com/watch?v=d96LvRM1aMQ]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button