အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့နဲ့အတူ တိုက်ပွဲဝင်မယ်လို့ မျှော်လင့်ပါတယ်

၂၀၂၃ခုနှစ်ဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့နှစ်၊ အဆုံးအဖြတ်ပေးမယ့်နှစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြွေးကြော်ထားပါတယ်။

တပြိုင်နက်ထဲမှာပဲ စစ်ကောင်စီကလည်း ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်မှုတချို့ လုပ်နေပါပြီ။

ဒီလိုအခြေအနေတွေကြားမှာ ဒီနှစ်ထဲ နိုင်ငံရေး၊ စစ်ရေးအလားအလာတွေက ဘယ်လိုဖြစ်လာနိုင်ပါသလဲ။

စစ်ကောင်စီဘက်က နိုင်ငံရေးထွက်ပေါက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးရင် တော်လှန်ရေးအရှိန်အဟုန် လျော့ကျနိုင်ပါသလား။

မင်းအောင်လှိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးသည်ဖြစ်စေ၊ မလွတ်ပေးသည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသွားမယ့် ဘယ်လမ်းကြောင်းကိုမဆို လက်ခံမှာမဟုတ်ဘူးလို့ NUGရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောလိုက်ပါတယ်။

အပစ်ရပ်စာချုပ် NCA ကို ဖက်တွယ်ထားတဲ့ အဖွဲ့အစည်းတွေဟာလည်း ကိုယ်ကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ် အမြဲတမ်းရှင်သန်ရေးကို ဦးတည်နေတာလို့ ဝေဖန်လိုက်တဲ့ ချင်းတိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးလည်းဖြစ်သူ ဒေါက်တာလျန်မှုန်း ဆာခေါင်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://www.youtube.com/watch?v=DlWt9is_TbU&t=99s]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button