ရုပ်သံသတင်း

အသံတိတ်သပိတ်ကို ဖျက်ဆီးရန် တပ်ထောက်ခံပွဲများလုပ်သော်လည်း လူဆယ်ဂဏန်းသာရှိ

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်သည့် ယနေ့(ဖေဖော်ဝါရီ ၁ရက်)တွင် နိုင်ငံတဝှမ်း ပြုလုပ်သော အသံတိတ်သပိတ်ကိုဖျက်ဆီးရန် စစ်ကောင်စီ အစီအစဉ်ဖြင့် ပြုလုပ်သည့် တပ်ထောက်ခံပွဲများတွင် ပါဝင်သူ လူဦးရေမှာ ဆယ်ဂဏန်းသာ ရှိသည်။ရန်ကုန်မြို့လယ်ခေါင်တွင် လုံခြုံရေးအပြည့်ဖြင့် ယနေ့ပြုလုပ်သော တပ်ထောက်ခံပွဲတွင် ဘုန်းကြီး ၁၃ပါးနှင့် လူ ၅၀ဦးခန့်သာ ရှိသည်ကို တွေ့ရသည်။

ထိုတပ်ထောက်ခံပွဲကို ဘာသာရေးအကြောင်းပြ ဆူပူမှုများ ဖန်တီးခဲ့သူ မိုက်ကယ်ကျော်မြင့် ဦးဆောင်ခဲ့သည်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအဖွဲ့ထံမှ တိုင်းပြည်အာဏာကို စစ်တပ်က မတရားသိမ်းယူခဲ့သည်မှာ ယနေ့တွင် ၂နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။သို့သော် စစ်အာဏာရှင်ကို ပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်နေသည်မှာ ယနေ့ အသံတိတ်သပိတ်က သက်သေပြနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://www.youtube.com/watch?v=5FWtpT10Zpw]

Show More

Related Articles

Back to top button