အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဝါးချွန်များထုတ်ပေးသည့် ကြံ့ခိုင်ရေးထိပ်သီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း

လက်နက်တပ်ဆင်ပေးအပ်ပွဲဟု ခေါင်းစဉ်တပ်ကာ စုဝေးရောက်လာသည့် ပါတီဝင်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ထိပ်သီးခေါင်းဆောင်များက ဝါးရင်းတုတ်နှင့် ဝါးချွန်များ ထုတ်ပေးနေသည်ဟု ယခုရုပ်သံတွင် တွေ့နိုင်သည်။

ဝါးချွန်များထုတ်ပေးနေသည့် ၃၅ကျော်ကြာ ရုပ်သံဖိုင်ကိုလည်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်များတွင် ထုတ်လွှင့်ပြီး မကြာခင် အသီးသီး ပြန်ဖြုတ်သွားကြသည်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ပါတီရုံးတွင် ပြုလုပ်သော ထိုအခမ်းအနားသို့ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်၊ ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်နှင့် နေပြည်တော် ၈မြို့နယ်၏ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးလှဆွေ တက်ရောက်ခဲ့သည်။

ခုခံတော်လှန်သူများကို တန်ပြန်တိုက်ခိုက်ရန် အရပ်သားများကို ‘ပြည်သူ့စစ်’ အမည်ခံဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးသည့် စစ်ဗိုလ်ချုပ်များ၏ ဗျူဟာသည် ယခင်ကတည်းက ရှိနှင့်ပြီးဖြစ်သည်။ စစ်တပ်ထောက်ခံသူများကို တရားဝင် လက်နက်ပေးမည့်မူဝါဒကိုလည်း စစ်ကောင်စီက မကြာသေးခင်ကမှ ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://www.youtube.com/watch?v=GFWaG7CjpKE&t=14s]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button