
ပြီးခဲ့သည့်လအတွင်းက ပါတီဝင်များကို ဝါးချွှန်များထုတ်ပေးခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြင့်လှိုင်က ကျန်းမာရေးကြောင့် ပါတီမှအနားယူရန် ဆုံးဖြတ်လိုက်သည်ဟု Myanmar Now ကို ပြောသည်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်နှင့်နီးစပ်သူ ပါတီဝင်တစ်ဦးကမူ ဦးမြင့်လှိုင် အနားယူမည့် အခြေအနေသည် ပါတီဝင်များကို ဝါးချွှန်ပေးသည့်ကိစ္စနှင့် ဆက်စပ်နေပြီး ကျန်းမာရေးအကြောင်းပြကာ ပါတီမှ ထွက်စာတင်ရန် ဖိအားပေးခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“ဝါးချွန်ပေးတဲ့ကိစ္စနဲ့ ထွက်စာတင်ခိုင်းတာ။ တပ်ကလည်း ဝါးချွန်ပေးတဲ့ကိစ္စကို မကြိုက်ဘူး။ အဲ့ဒါကြောင့် ကျန်းမာရေးအကြောင်းပြပြီး ထွက်စာတင်ခိုင်းတာ။ ခုက ပါတီတွင်းမှာလည်း တပ်ဘက်ကပြောင်းလာတဲ့သူတွေနဲ့ ပါတီလူဟောင်းတွေကလည်း အားပြိုင်မှုတွေရှိတယ်။ တပ်က ပြောင်းလာတဲ့သူတွေကလည်း ငါတို့လုပ်ပေးမှရတယ်ဆိုတဲ့ အာဏာမျိုးကို တည်ဆောက်နေကြတာတွေ ရှိတယ်ဗျ” ဟု အထက်ပါ ပါတီဝင်က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
[youtube https://youtu.be/HXprvYNnQjQ]