အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖခင်က သားမယားပြုကျင့်ဟု သမီးအရင်းက အမှုဖွင့်

အသက် ၁၇ နှစ်အရွယ် သမီးအရင်းဖြစ်သူအား ဖခင်ဖြစ်သူက သားမယားအကြိမ်ကြိမ်ပြုကျင့်မှု တစ်ခု စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကျောက်ထုံးကြီးကျေးရွာအုပ်စု ဝေဆွယ်ကျေးရွာတွင် ဖြစ်ပွားခဲ့သဖြင့် တရားခံဖြစ်သူ ဖခင်ကို ဖမ်းဆီးကာ အမှုစစ်ဆောင်ရွက်လျက်ရှိသည်ဟု နယ်မြေရဲစခန်း၏ စခန်းမှူးက ပြောသည်။

ပြီးခဲ့သည့်ဧပြီလ ၁၈ ရက်နေ့တွင် ဖခင်ဖြစ်သူ အသက် ၄၅ နှစ်ရှိ ဦးတင်ထွန်းက ၎င်းအား သားမယားအဖြစ် စတင်ပြုကျင့်ခဲ့ကြောင်းနှင့် ထိုအကြောင်းကို မည်သူကိုမျှ မပြောရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ နောက်ရက်များတွင် လည်း အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်းနှင့် မေလ ၆ ရက်နေ့ညတွင်လည်း နှစ်ကြိမ်တိုင်တိုင် ပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူက ကသာမြို့မရဲစခန်းသို့ ယခုလ ၈ ရက်နေ့ (ယမန်နေ့) တွင် လာရောက်တိုင်တန်းခဲ့သည်ဟု ရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

“ပြစ်မှူကျူးလွန်သူကို ကျွန်တော်တို့ဖမ်းထားပြီး ရမန်ယူထားပြီးပါပြီ။ လုပ်ထုံးလုပ်နည်းတွေအရ အမှုကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ကူညီပေးနေပါတယ်” ဟု ကျောက်ထုံးကြီးကျေးရွာ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းမင်းထွန်း က Myanmar Now ကို ယနေ့ ပြောသည်။

ထို့ကြောင့် ကသာမြို့မရဲစခန်းက တရားခံဦးတင်ထွန်းအား အမှုကြီးအမှတ်စဉ် ၅/၂၀၁၈ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (ပ) ၁၁၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (အလိုမတူဘဲ ကာမစပ်ယှက်မှု) ဖြင့် ယမန်နေ့တွင် အမှုဖွင့်စစ်ဆေးကာ ဆက်လက်ဆောင်ရွက်နေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles