အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စင်ကာပူ Keppel Land ကော်ပိုရေးရှင်းက မြန်မာရှိ ကုမ္ပဏီခွဲကို ရောင်းထုတ်

စင်ကာပူနိုင်ငံမှ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကော်ပိုရေးရှင်း Keppel Land က မြန်မာနိုင်ငံရှိ ၎င်း၏ ကုမ္ပဏီခွဲကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် ရောင်းထုတ်လိုက်သည်။ 

မြန်မာနိုင်ငံတွင် ဟိုတယ်စီမံကိန်း လုပ်ကိုင်ခွင့်ရထားသည့် Straits Greenfiled ကုမ္ပဏီခွဲ၏ ၁၀၀ ရာခိုင်နှုန်းသော ရှယ်ယာများကို ရောင်းထုတ်လိုက်ခြင်းဖြစ်သည်ဟု Keppel Land ကော်ပိုရေးရှင်းက ယမန်နေ့ (မတ် ၆) တွင် သတင်းထုတ်ပြန်သည်။​

ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် မည်သည့်ကုမ္ပဏီထံ ရောင်းချခြင်းဖြစ်ကြောင်း ဖော်ပြမထားသည့်နည်းတူ Straits Greenfiled ကုမ္ပဏီ လုပ်ကိုင်သည့် ဟိုတယ်စီမံကိန်းအကြောင်းလည်း မသိရပေ။

ကုမ္ပဏီခွဲ ထုတ်ရောင်းခြင်းကို ယခုနှစ်လယ်မတိုင်မီ အပြီးသတ်ရန် မျှော်မှန်းထားပြီး ယခုရောင်းဈေး ဒေါ်လာ ၅၇ ဒသမ ၄ သန်းသည် Greenfield Development ကုမ္ပဏီ၏ အသားတင်တန်ဖိုး ၄၃ ဒသမ ၉ သန်းထက်ပင် များပြားသည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် မည်သည့်ဟိုတယ်စီမံကိန်းဖြစ်သည်ဟု ဖော်ပြမထားသော်လည်း Greenfield Development ကုမ္ပဏီမှာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဆီဒိုနားဟိုတယ်ကို လုပ်ကိုင်နေသည်။ ထို့ပြင် Keppel Land ကော်ပိုရေးရှင်းသည် မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်ကိုလည်း ဧဒင်အုပ်စုထံ ရောင်းချခဲ့ဖူးသည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကာလကတည်းက ပိတ်ထားသည့် ဆီဒိုးနားဟိုတယ်မှာ လက်ရှိအချိန်ထိ ပိတ်ထားဆဲဖြစ်ကြောင်း ရန်ကုန်မြို့မှ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စင်ကာပူမှ Keppel Land အုပ်စုသည် ရန်ကုန်မြို့လယ်ရှိ ဂျန်းရှင်းစီးတီးစီမံကိန်းကို ရွှေတောင်အုပ်စုနှင့် ပူးပေါင်းလုပ်ကိုင်နေပြီး ရှယ်ယာ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အဆိုပါစီမံကိန်းတွင် Pan Pacific ဟိုတယ် လည်းပါဝင်သည်။

ကုမ္ပဏီခွဲရောင်းချခြင်းဖြင့် ငွေကြေးအရင်းအနှီး ရှာဖွေပေးနိုင်ကြောင်း၊​ ယခုအစီစဉ်ကြောင့် ကုမ္ပဏီ၏ ရှယ်ယာများအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်းလည်း Keppel Land က ဆိုသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားချိန် စင်ကာပူနိုင်ငံသည် ထိပ်သီးရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်ရှိနေသော်လည်း မြန်မာနိုင်ငံရှိ စင်ကာပူရင်းနှီးမြှုပ်နှံမှုအချို့ ထွက်ခွာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးယိုယွင်းလာမှုများကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများဖြစ်သည့် Total, Chevron ရေနံကုမ္ပဏီများအပြင် ဂျပန်ဘီယာလုပ်ငန်း Kirin နှင့် အခြားကုမ္ပဏီအများအပြား ထွက်ခွာသွားပြီဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆွစ်ဇာလန်အခြေစိုက် စားသောက်ကုန်လုပ်ငန်းက မြန်မာပြည်ရုံးချုပ်နှင့် စက်ရုံကို ပိတ်ရန် ဆုံးဖြတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button