အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းနှင့် ကချင် ဒေသအချို့ ဖုန်းအင်တာနက် ပြန်ရ

တော်လှန်ရေး လှုပ်ရှားမှုများ အားကောင်းသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်အချို့နှင့် ကချင်ပြည်နယ် ဖားကန့်မြို့တို့တွင် ဖုန်းဖြင့် အင်တာနက်သုံးစွဲခွင့် တစ်နှစ်နီးပါး ပိတ်ခံထားရရာမှ ယမန်နေ့ (ဇန်နဝါရီ ၃) မှ စတင်ပြီး အကန့်အသတ်ဖြင့် ပြန်သုံး၍ ရပြီဟု စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်း ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ အင်းတော်တို့တွင် အာဏာသိမ်းပြီးနောက် မြန်မာပြည်မှထွက်သွားသည့် နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ Telenor ထံမှ လုပ်ငန်းလွှဲယူထားသည့် Atom အင်တာနက်လိုင်း ပြန်ရနေပြီဖြစ်ကြောင်း ဒေသခံနှင့် တော်လှန်ရေးအဖွဲ့အချို့က ပြောသည်။

“မနေ့ ညနေ ၅ နာရီလောက် ဖွင့်ကြည့်တော့ အင်တာနက်က ရနေပြီ။ ဒါတောင် Atom ပဲ ရတာ အော်ရီဒူးနဲ့ MPT မရဘူး။ Telenor (Atom) ပဲရတာ။ Telenor ဆိုတာလည်း Update (အဆင့်) မြှင့်ထားမှ ရတာ။ နောက်ဆုံးထုတ်ထားတဲ့ Atom မှာ ရတာ။ အခုထိ ရတုန်းပဲ” ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပြန်ကြားရေးတာဝန်ခံက ယနေ့ ပြောသည်။

သို့သော် ဆက်သွယ်ရေးတာဝါတိုင်နှင့် ဝေးသည့် အချို့နေရာများတွင် လိုင်းမကောင်းကြောင်း အသက် ၃၅ နှစ်အရွယ် ဒီပဲယင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မနေ့ကတော့ 4G ပြန်ရနေပြီ။ ဘယ်နေ့ထိ ရမလဲ မသိဘူး။ တာဝါတိုင်နဲ့ ဝေးတဲ့နေရာတော့ သိပ်မကောင်းချင်ဘူး။ နေရာအတော်များများတော့ သုံးလို့ရပြီ” ဟု ထိုသူက ဆိုသည်။

ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော် ဖားကန့်မြို့တွင်လည်း ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ Atom အင်တာနက်လိုင်း ပြန်လည်ရရှိလာသည်ဟု ဖားကန့်အခြေစိုက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီဝင် အမျိုးသားတစ်ဦးက ပြောသည်။

“ ပြန်ရတယ်။ မနေ့က ညနေ ၃ နာရီလောက်မှာ ပြန်ရတာ။ 4G တော့ 4G ပဲ။ ဒါပေမဲ့ လိုင်းက အကောင်းကြီးတော့ မရသေးပါဘူး” ဟု သူက ဆိုသည်။

ဖားကန့်တွင် စစ်ကောင်စီနှင့် ကချင်တော်လှန်ရေးအဖွဲ့ (KIA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည့် ၂၀၂၂ ဩဂုတ်လမှစကာ အင်တာနက်ဖြတ်တောက်ခံထားရခြင်းဖြစ်သည်။ ကျောက်စိမ်းအကျိုးစီးပွားများရှိသည့် ဖားကန့်တွင် ထိုအတောအတွင်း အင်တာနက်သုံးစွဲလိုသူများသည် စားသောက်ဆိုင်နှင့် အရက်ဆိုင်အချို့တွင် တစ်နာရီ ၃၀၀၀ နှုန်းဖြင့် သုံးခဲ့ရသည်။

အင်တာနက် ဖြတ်တောက်ခြင်း၊ အကန့်အသတ်ဖြင့် ပြန်ဖွင့်ခြင်းတို့နှင့် ပတ်သက်၍ စစ်ကောင်စီနှင့် ပြည်တွင်းအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီများက ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် အင်တာနက် မကြာခဏ ဖြတ်တောက်လေ့ရှိပြီး အင်တာနက်အသုံးပြုခ မြင့်တက်လာစေရန်လည်း ဆောင်ရွက်နေသည်။

အထူးသဖြင့် လက်နက်ကိုင်ခုခံမှု အားကောင်းလာသည့် မြို့နယ်များတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ကာ စစ်ကောင်စီက တိုက်ခိုက်စစ်ဆင်ရေးလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles